Wednesday, July 3, 2013

ထိုင်းတော်ဝင် မင်းသမီး သီရိဒုံ မြန်မာနိုင်ငံ လာရောက် လည်ပတ်

ရွှေဟင်္သာ

ထိုင်းဘုရင် မင်းမြတ်၏ တတိယမြောက် သမီးတော်ဖြစ်သူ တော်ဝင် မင်းသမီး သီရိဒုံသည် ထိုင်းတော်ဝင် တပ်မတော် စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ အပါအဝင် အဖွဲ့ဝင်ပေါင်း (၉၀) နီးပါး ပါဝင်ပြီး ယနေ့၌ မြန်မာ နိုင်ငံသို့ တစ်ရက်ကြာ လာရောက် လည်ပတ် ခဲ့သည်။

ထိုသို့ လာရောက် ခဲ့စဉ် အတွင်း မူးယစ် ဆေးဝါး ပြတိုက်၊ အမျိုးသား ပြတိုက်၊ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်သို့ သွားရောက် လည်ပတ်ကာ ရွှေတိဂုံ ဘုရား သို့လည်း သွားရောက် ဖူးမြော် ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး သို့လည်း သွားရောက် ခဲ့ပါသည်။

ယခု လာရောက် ခြင်းမှာ တော်ဝင် မင်းသမီး သီရိဒုံ အတွက် တတိယ အကြိမ်မြောက် လာရောက် လည်ပတ်ခြင်း ဖြစ်ပြီး ယခုအကြိမ် မတိုင်မီ ဦးနေဝင်း လက်ထက်၌ တစ်ကြိမ်၊ ၂၀၀၈ ခုနှစ် အတွင်း၌ တစ်ကြိမ် လာရောက် လည်ပတ် ခဲ့ပြီး ဖြစ်သည်။

No comments: