Wednesday, July 3, 2013

The Face of Buddhist Terror ဆောင်းပါးပါ ထိုင်းမ်မဂ္ဂဇင်း သီရိလင်္ကာပိတ်ပင်

ABC

သီရိလင်္ကာနိုင်ငံက ​ဇူလိုင်လ ​၁ရက်နေ့က ​ထုတ်ဝေတဲ့ ​The ​Face ​of ​Buddhist ​Terror ​ဆောင်းပါးပါ ​ထိုင်းမ်မဂ္ဂဇင်းကို ​နိုင်ငံတွင်းမှာ ​ထုတ်ဝေရောင်းချခွင့် ​တရားဝင်ပိတ်လိုက်တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံက ​လူမျိုးရေး ​ဘာသာရေး ​ပဋိပက္ခအကြောင်းနဲ့ ​ဗုဒ္ဓဘာသာ ​ဘုန်းကြီး ​ဦးဝီရသူ ​အကြောင်းတွေ ​ရေးသားထားတဲ့ ​ဆောင်းပါးပါ ​မဂ္ဂဇင်းကို ​နိုင်ငံအတွင်းမှာ ​ရောင်းချထုတ်ဝေခွင့် ​မပြုကြောင်းနဲ့ ​မဂ္ဂဇင်းကို ​နိုင်ငံတွင်းမှာတွေ့ရှိပါက ​တရားဥပဒေအရ ​သိမ်းယူသွားမယ်ဆိုတဲ့ ​အကြောင်း ​သီရိလင်္ကာအကောက်အခွန်ဌာနက ​ပြောရေးဆိုခွင့်ရှိသူက ​အေအက်ဖ်ပီသတင်းဌာန ​ကိုပြောပါတယ်။

အခုတကြိမ်ထုတ် ​ထိုင်းမ်မဂ္ဂဇင်းကို ​သီရိလင်္ကာနိုင်ငံထဲမှာ ​ဖြန့်ဝေခွင့်မပြုရခြင်းအကြောင်းကတော့ ​ဒီမဂ္ဂဇင်းနဲ့ပတ်သက်ပြီး ​လူတွေရဲ့ဘာသာရေး ​ထင်မြင်ယူဆချက်တွေကို ​ထိခိုက်မှာစိုးရိမ်တဲ့ ​အတွက် ​ကြောင့်ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒါပေမယ့် ​အင်တာနက်စာမျက်နှာပေါ်မှာ ​တင်ထားတဲ့ ​ဆောင်းပါးကတော့ ​သီရီလင်္ကာ ​နိုင်ငံမှာ ​၀င်ရောက်ကြည့်ရှုနိုင်သေးတယ်လို့ ​သိရပါတယ်။

အခုဆိုရင် ​အကောက်အခွန်ဌာနက ​မဂ္ဂဇင်း ​အုပ်ရေ ​တစ်ထောင်ကို ​သိမ်းဆည်းထားတယ်လို့ ​သီရိလင်္ကာနိုင်ငံထဲက ​မဂ္ဂဇင်း ​ဖြန့်ဝေတဲ့ ​ကိုယ်စားလှယ်တခုက ​ပြောပါတယ်။

ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခကို ​ကာကွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ​မြန်မာနိုင်ငံမှာလည်း ​အခု ​ဇွန်လိုင်လ ​တစ်ရက်နေ့ထုတ် ​ထိုင်းမ်မဂ္ဂဇင်းကို ​ပြည်တွင်းမှာ ​ဖြန့်ဝေခွင့်ပိတ်ပင်ထားတယ်လို့လည်း ​သိရပါတယ်။

No comments: