Friday, August 30, 2013

ဆီးဂိမ်းဧည့်သည်တွေ အတွက် ဟိုတယ် ၃၃လုံး စီစဉ်ထားပေး

ABC

မြန်မာနိုင်ငံမှာ ​ကျင်းပပြုလုပ်မယ့် ​အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွင်း ​လာရောက်ကြည့်ရှုမယ့် ​ဧည့်သည်တွေအတွက် ​ဟိုတယ် ​၃၃ ​လုံး ​စီစဉ်ထားပေးတယ်လို့ ​ဟိုတယ်နဲ့ ​ခရီးသွားလာရေး ​ဝန်ကြီးဌာနက ​ပြောပါတယ်။

အားကစားသမားတွေ၊ ​အားကစား ​တာဝန်ရှိသူတွေ၊ ​မီဒီယာနဲ့ ​လိုက်ပါကြည့်ရှုတဲ့ ​ပရိသတ်တွေ ​တည်းခိုဖို့အတွက် ​ရန်ကုန်မြို့ရှိ ​ကြယ်နှစ်ပွင့်ကနေ ​ငါးပွင့် ​အဆင့်ရှိတဲ့ ​ဟိုတယ်၃၃လုံးကို ​စီစဉ်ပေးထားတယ်လို့ ​ဟိုတယ်နှင့် ​ခရီးသွားဝန် ​ကြီးဌာနက ​ဦးမြင့်ထွန်းဦးက ​ပြောပါတယ်။

ဟိုတယ် ​၃၃ ​လုံးထဲက ​၁၀ ​လုံးကိုတော့ ​အားကစားသမားတွေ၊ ​ဒိုင်လူကြီးတွေနဲ့ ​အထူးဧည့်သည်တွေအတွက် ​ရာထားမယ်လို့ ​ဆိုပါတယ်။

အားကစားပြိုင်ပွဲကို ​လာရောက်မယ့် ​နိုင်ငံခြားက ​တာဝန်ရှိသူတွေ ​နားခိုနိုင်ဖို့်အတွက် ​အခန်းပေါင်း ​၂၄၆ခန်းအပြင် ​အားကစားသမားတွေနဲ့ ​ဒိုင်လူကြီးတွေအတွက် ​အခန်းပေါင်း ​၃၅၁ခန်းကို ​စီစဉ်ပေးမယ်လို့ ​ဆိုပါတယ်။

ဟိုတယ် ​၃၃ ​လုံး ​အဆင်သင့်ရှိအောင် ​အစိုးရက ​သက်ဆိုင်ရာ ​လုပ်ငန်းရှင်တွေနဲ့ ​ညှိနှိုင်း ​ဆောင်ရွက်နေပြီး ​သင့်တင့်တဲ့ဈေးနှုန်းနဲ့ ​နေလို့ရအောင် ​စီစဉ်ပေးသွားမယ်လို့ ​ပြောပါတယ်။

No comments: