Thursday, August 29, 2013

ရန်ကုန်မြေဈေးကွက် မြှင့်တက်

ABC

မြန်မာနိုင်ငံမှာ ​အစိုးရက ​နိုင်ငံရေးနဲ့ ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှုတွေ ​စတင်လုပ်ဆောင်လာ ​ကတည်းကစပြီး ​ရန်ကုန်မြို့မှာရှိတဲ့ ​မြေဈေးတွေ ​မြင့်တက်နေပြီး ​ရန်ကုန်မြို့ ​စက်မှုဇုံဟောင်းနဲ့ ​သံလျင်အထူးစီးပွားရေးဇုံကလွဲရင် ​ကျန်တဲ့နေရာတွေက ​မြေဈေးတွေဟာ ​ပြီးခဲ့တဲ့ ​လပိုင်းတွေက ​နှစ်ဆကနေ ​သုံးဆအထိ ​ဆက်လက်မြှင့်တက်နေတယ်လို့ ​သိရပါတယ်။

မြေဈေးတွေ ​မြင့်တက်လာတာနဲ့အမျှ ​ဖွံ့ဖြိုးမှုနည်းနေသေးတဲ့ ​ဒဂုံဆိပ်ကမ်း ​ကမြေဈေးတွေလည်း ​မြင့်တက်နေပါတယ်။ ​မြေအရောင်းအ၀ယ် ​လုပ်သူတွေရဲ့အဆိုအရ ​အစိုးရအနေနဲ့ ​ဒေသတွင်းက ​စီမံကိန်းလုပ်ငန်းတွေ ​စတင်လုပ်ဆောင် ​လာကတည်းက ​ဒဂုံဆိပ်ကမ်းက ​မြေဈေးတွေဟာ ​ပိုမို ​မြှင့်တက်လာတာ ​ဖြစ်ပါတယ်။

အရင်က ​မြန်မာကျပ်ငွေ ​ငါးသိန်း ​(အမေရိကန်ဒေါ်လာငွေ ​ငါးရာ) ​တန်ဖိုးရှိတဲ့မြေကွက်ဟာ ​အခုဆိုရင် ​မြန်မာကျပ်ငွေ ​ငါးသန်း ​(မေရိကန်ဒေါ်လာငွေ ​ငါးထောင်) ​လောက်အထိ ​မြှင့်တက်သွားတာ ​ဖြစ်ပါ ​တယ်။ ​ပြီးတော့ ​အရင်က ​ကျပ်ငွေ ​၅သန်း၊ ​၆သန်း ​(အမေရိကန်ဒေါ်လာငွေ ​ငါးထောင်ကနေ ​ခြောက်ထောင်) ​တန်ဖိုးရှိတဲ့ ​မြေဟာ ​အခုဆိုရင် ​ကျပ်ငွေ ​ဆယ်သန်း ​(အမေရိကန် ​ဒေါ်လာငွေ ​တစ်သောင်း) ​အထိ ​မြှင့်တက်သွားတာဖြစ်ပါတယ်။

အဲဒါအပြင် ​ကျန်တဲ့နေရာကမြေဈေးတွေဟာ ​မြန်မာကျပ်ငွေ ​သန်း ​၂၀ ​ကနေ ​သန်း ​၃၀ ​(အမေရိကန်ဒေါ်လာငွေ ​နှစ်သောင်းကနေ ​သုံးသောင်း) ​အထိ ​ရှိနေတယ်လို့ ​ဆိုပါတယ်။ ​မြေအရောင်းအ၀ယ် ​လုပ်သူတွေကတော့ ​မြေဈေးတွေမြှင့်တက်နေ ​ပေမယ့် ​မြေ၀ယ်သူတွေ ​သေချာပေါက် ​ရှိနေဦးမှာဖြစ်တဲ့အတွက် ​စိုးရိမ်စရာတွေ ​မရှိဘူးလို့ဆိုပါတယ်။

အခုလိုမျိုး ​မြေဈေးတွေမြှင့်တက်နေတာကို ​ကာကွယ်တဲ့အနေနဲ့ ​မကြာသေးခင်ကပဲ ​အစိုးရကလည်း ​မြေခွန်နဲ့ပတ်သက်ပြီး ​ကြေညာချက်တခု ​ထုတ်ပြန်လိုက်ပါတယ်။ ​အဲဒါကတော့ ​စက်မှုဇုံတွေက ​တောင်းဆိုထားတဲ့ ​သတ်မှတ်မြေခွန် ​၃၇ရာခိုင်နှုန်း ​ကနေ ​လျော့ပေးနိုင်မှာမဟုတ်တဲ့အကြောင်း ​ဆိုပါတယ်။

ဒု ​ဘဏ်ဏ္ဍာရေးဝန်ကြီး ​ဦးမောင်မောင်သိန်းက ​အစိုးရအနေနဲ့ ​မြေယာအကျယ်အ၀န်း ​ပေါ် ​မူတည်ပြီးတော့ ​မြေခွန်ကောက်ခံသွားမှာဖြစ်တဲ့အကြောင်း ​ပြီးခဲ့တဲ့တပတ်က ​နေပြည်တော်မှာ ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။

အခုလို ​မြေခွန်တွေမြှင့်တင်တာဟာ ​မြေဈေးတွေကိုထိန်းချုပ်နိုင်မှာဖြစ်သလို ​အစိုးရဘဏ်ဏ္ဍာငွေ ​ကိုလည်းတိုးစေမှာဖြစ်ပြီးတော့ ​ပြီးခဲ့တဲ့နှစ် ​ဇွန်လနဲ့ ​ဇူလိုင်လအတွင်းက ​မြေခွန်တွေကနေ ​ကျပ်ငွေ ​၂၆ ​ဒသမ ​၁ ​ဘီလီယံ ​လောက် ​၀င်ငွေရရှိတယ်လို့ ​ဘဏ်ဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ်။

No comments: