Wednesday, August 28, 2013

မွန်ပြည်နယ် ဘုန်းတော်ကြီး ပညာသင်ကျောင်း ဆရာများကို နိုင်ငံတော်မှ လစာပေးပြီ

ထူးထူး(မော်လမြိုင်)

မွန်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၅၈ကျောင်းမှ ဆရာ၊ ဆရာမ ၁၈၉ ဦး အတွက် နိုင်ငံတော်မှ လစာ ထောက်ပံ့ငွေများကို ပြည်နယ် ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ကြီးကြပ်ရေး ဆရာတော်မှ တစ်ဆင့် ပေးအပ် ခဲ့ကြောင်း မွန်ပြည်နယ် သာသနာရေး ဦးစီးဌာနမှ သိရသည်။

ဘုန်းတော်ကြီး ပညာသင်ကျောင်းများမှ ဆရာ၊ ဆရာမများအား (ဧပြီ၊မေ ၊ ဇွန်နှင့် ဇူလိုင်) လများလျှင် မူလတန်းပြ ဆရာတစ်ဦးအတွက် တစ်လစာ ထောက်ပံ့ငွေ ကျပ် ၃၆ဝဝဝ ဖြစ်ပြီး ၄ လစာ အတွက် ငွေကျပ် ၁၄၄ဝဝဝ ရရှိမည်ဖြစ်သည်။ မူလွန်နှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ တစ်ဦးအတွက် တစ်လစာ ထောက်ပံ့ငွေ ကျပ် ၄၁ဝဝဝ ဖြစ်ပြီး ၄လစာ အတွက် ငွေကျပ် ၁၆၄ဝဝဝ ရရှိမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၅၈ ကျောင်းတွင် မူလတန်းပြ ဆရာ၊ ဆရာမ ၁၅၂ ဦး၊ မူလွန်နှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ ၃၇ ဦး ရှိရာ နိုင်ငံတော်မှ ငွေကျပ် ၂၇၉၅၆ဝဝဝ ကို ခွင့်ပြုပေးထားပြီး သြဂုတ်လမှ စ၍ လစာ ထောက်ပံ့ငွေ များကို လကုန်တိုင်း ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် ထပ်မံ ခွင့်ပြု ချထားပေးသော ကျောင်းထိုင် ဘုန်းတော်ကြီး ပညာသင်ကျောင်းများ အတွက် ထောက်ပံ့ငွေများကို လက်ကျန်ငွေပေါ် မူတည်၍ အချိုးကျ ခွဲဝေပေးမည် ဖြစ်ကြောင်း သိရသည်။

No comments: