Tuesday, September 17, 2013

မြန်မာပြည်မှာ နီဆန်းကား ထုတ်မည်

ABC

ဂျပန်ကား ​ကုမ္ပဏီ ​နီဆန်းဟာ ​အိမ်သုံးကား ​အသေးစားတွေနဲ့ ​ထရပ်ကားတချို့ကို ​မြန်မာနိုင်ငံအတွင်းမှာ ​စတင်ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။

နီဆန်းနဲ့ ​မလေးရှားအခြေစိုက် ​တန်ချုံး ​မော်တော်ကား ​ဖြန့်ချီရေး ​ကုမ္ပဏီတို့ ​ပူးပေါင်းပြီး ​တနှစ်အတွင်း ​ထောင်နဲ့ချီတဲ့ ​ကားတွေထုတ်လုပ်မယ်လို့သိရပါတယ်။

၂၀၁၁ ​ပြုပြင် ​ပြောင်းလဲရေး ​နောက်ပိုင်း ​မြန်မာနိုင်ငံမှာ ​မော်တော်ကား ​လိုအပ်ချက်တွေ ​ပိုမိုများပြားလာပြီး ​ဂျပန်ထုတ်ကားများ ​ဟာလည်း ​အထူးရေပန်းစားတာကို ​တွေ့ရပါတယ်။

နီးဆန်းကုမ္ပဏီနဲ့အပြိုင် ​တခြား ​ဂျပန် ​ဆူဇာကီး ​ကုမ္ပဏီကလည်း ​ကားထုတ်မယ်လို့ဒီနှစ် ​အစောပိုင်းမှာ ​ကြေငြာခဲ့သလို ​အမေရိကန် ​Ford ​ကုမ္ပဏီကလည်း ​Showroom ​ဖွင့်မယ်လို့ဆိုလာပါတယ်။

ပြီးခဲ့တဲ့ ​စစ်အစိုးရလက်ထက်မှာတုန်းက ​မြင့်မားလွန်းတဲ့ ​ကားတင်သွင်းခွန်တွေ ​နဲ့ ​အမေရိကန်ရဲ့ ​စီးပွားရေး ​ပိတ်ဆို့မှုတွေကြောင့် ​ကားဈေးတွေဟာလည်း ​အဆမတန် ​မြင့်မားခဲ့ပါတယ်။

ဒါကြောင့်လည်း ​လူဦးရေ ​သန်းပေါင်း ​၆၀ ​ကျော်မှာ ​ကားပိုင်ဆိုင်သူ ​၂ ​သန်းကျော်သာ ​ရှိကြောင်း ​သိရပါတယ်။

No comments: