Wednesday, September 25, 2013

မိကျောင်းကန် ရပ်ကွက်က မြေပိုင်ရှင်တွေ ၇ ကြိမ်မြောက် ဆန္ဒပြ

ABC

လွန်ခဲ့တဲ့နှစ်ပေါင်း ​၂၀ ​လောက်က ​စစ်တပ်က ​သိမ်းဆည်းခဲ့တဲ့ ​မိကျောင်းကန် ​ရပ်ကွက် ​၁၊၂၊၃ ​က ​မူလပိုင်ရှင် ​၂၀၀ ​လောက်ဟာ ​သူတို့ ​ဘိုးဘွားပိုင်မြေတွေ ​ပြန်လည် ​ရရှိဖို့အတွက် ​ရန်ကုန်မြို့ ​မဟာဗဒ္ဓုလ ​ပန်းခြံဘေးမှာ ​စက်တင်ဘာလ ​၂၃ ​ရက်နေ့က ​ဆန္ဒပြခဲ့ကြပါတယ်။

သိမ်းဆည်းမြေယာတွေအတွက် ​နစ်နာကြေး ​တစ်စုံတစ်ရာ ​ပေးခဲ့တာ ​မရှိတာကြောင့် ​ယခုလို ​၇ ​ကြိမ်မြောက် ​ဆန္ဒပြတာ ​ဖြစ်ပြီး ​အရင်တုန်းက ​ပြုလုပ်ခဲ့တဲ့ ​ဆန္ဒပြမှုမှာ ​ပါဝင်သူတချို့ကို ​ပုဒ်မ ​၁၈ ​နဲ့ ​တရားစွဲဆို ​ခံထားရသူတွေရှိပြီး ​သူတို့အတွက် ​အမှုပြန်လည် ​ရုတ်သိမ်းပေးဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

၁၉၉၁ ​ခုနှစ်တုန်းက ​မြေတွေကိုသိမ်းဆည်းခဲ့တဲ့ ​အချိန်မှာ ​အမျိုးသားတွေကိုလည်း ​ဖမ်းဆီးပြီး ​အတင်းအဓမ္မခိုင်းစေခဲ့သလို ​အမျိုးသမီးတွေကိုလည်း ​အင်းစိန် ​ထောင်ကို ​ပို့ခဲ့တယ်လို့ ​ဦးဆောင်ဆန္ဒပြတဲ့ ​မူလပိုင်ရှင် ​တစ်ဦးဖြစ်သူ ​ဦးစိန်သန်းက ​ယခုလိုပြောပါတယ်။

“ဧည့်စာရင်းလို့ခေါ်သွားပြီးတော့ ​ယိုးဒယားနယ်စပ်ဖြစ်တဲ့ ​ဝမ်းခတို့ ​ဖလူးတို့နေရာတွေမှာ ​သူတို့ပေါ်တာတွေ ​အဖြစ် ​သွားပြီးတော့ ​ကျွန်တော်တို့အသုံးချခံရပါတယ်။ ​ဒီလူတွေမှာ ​ဒုက္ခတဘဝတွေ ​နဲ့ရောက်ခဲ့တဲ့သူတွေ ​မြေမဖယ်ပေးနိုင်တဲ့ ​မိန်းမတွေကိုတော့ ​အင်းစိန်ထောင်ကိုပို့တယ်။ ​ယောက်ျားတွေကို ​ပေါ်တာ ​အဖြစ် ​ဖမ်းဆီးခံခဲ့ရပါတယ်။ ​ဒါတွေဟာ ​ကျွန်တော်တို့ ​တွေရဲ့မိကျောင်းကန်ပြည်သူတွေရဲ့ ​နားကြည်းချက်တွေပါ”

တချို့မြေပိုင်ရှင်တွေက ​လျော်ကြေးမရခဲ့ကြပေမယ့် ​ အချို့ပိုင်ရှင်တွေကိုတော့ ​လျော်ကြေးငွေ ​၅ ​သိန်း ​ပေးခဲ့တဲ့အပြင် ​မြေယာအစားတွေလည်း ​ပေးခဲ့တယ်လို့လည်း ​သိရပါတယ်။

ဘိုးဘွားပိုင်မြေတွေကို ​မရမခြင်း ​ဆက်လက် ​ဆန္ဒပြသွားမှာဖြစ်တယ်လို့လည်း ​မိကျောင်းကန် ​ရပ်ကွက် ​၁၊၂၊၃ ​က ​မူလပိုင်ရှင်တွေက ​ပြောဆိုကြပြီး ​တိုင်းနဲ့ ​ပြည်နယ်တွေမှာ ​ဆန္ဒပြဖို့ ​စီစဉ်နေသလို ​ထိုင်သပိတ်စခန်းတွေ ​ပြုလုပ်ဖို့လည်း ​စီစဉ်နေကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: