Wednesday, September 25, 2013

သင်္ဃန်းကျွန်း မိကျောင်းကန်ရပ်ကွက် မူလပိုင်ရှင်များ ခုနစ်ကြိမ်မြောက် ဆန္ဒဖော်ထုတ်

နန်းမြင့်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း ၁၊ ၂ နှင့် ၃ ရပ်ကွက်များမှ မူလပိုင်ရှင်များက သိမ်းထားသည့် မြေနေရာပြန်လည်ရရှိရေးနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်အတွက် စက်တင်ဘာလ ၂၃ ရက်တွင် ခုနစ်ကြိမ်မြောက် ဆန္ဒဖော်ထုတ်သည်။

ဆန္ဒဖော်ထုတ်ခြင်းကို နံနက် ၁၂ နာရီ ဝန်းကျင်တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မူလမြေနေရာနှင့် မွန်းလွဲ သုံးနာရီတွင် မဟာဗန္ဓုလပန်းခြံအနီးတွင် လူအင်အား ၂၀ဝကျော်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြရာတွင် ခွင့်ပြုမိန့်တင်ထားသော်လည်း ခွင့်ပြုမိန့်မပေးဘဲ မြို့တော်ခန်းမအနီး ဆန္ဒဖော်ထုတ်သည့် အချိန်တွင် ခွင့်ပေးခဲ့သည်ဟုလည်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် မြေပိုင်ရှင်တစ်ဦးဖြစ်သူ မနေနွယ်သန်းက ပြောသည်။

၎င်းက "ခွင့်ပြုမိန့် တင်ထားပါတယ်။ပထမက ငြင်းပယ်ထားတယ်။ ဆန္ဒပြနေတဲ့ အချိန်မှာဘဲ ငြင်းပယ်ထားတဲ့ ဆန္ဒပြခွင့်ကို ရန်ကုန်တိုင်းဒေသကြီးက ပြန်လည်ရုပ်သိမ်း ပေးခဲ့တယ်။ မိကျောင်းကန် မူလမြေနေရာကိုပြန်လည်ပေးအပ်ဖို့နဲ့ လူ့အခွင့်အရေး တောင်းဆိုနေတဲ့ ပြည်သူတွေကို ပုဒ်မ ၁၈ တပ်ြပီး အင်းစိန်ထောင် ပို့နေတာတွေကို ချက်ချင်းရပ်ပေးဖို့အတွက် ပဒု မ် ၁၈ ကို ဖျက်သိမ်းပေးဖို့အတွက် တောင်းဆိုတာပါ" ဟု ပြောသည်။

မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေနေရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ၁၉၉၁ ခုနှစ်က ယခုဆန္ဒပြသည့် မူလပိုင်ရှင်များထံမှ သိမ်းယူခဲ့သည်။

No comments: