Friday, September 6, 2013

ကမ္ဘာ့ဘဏ်ချေးငွေက ငွေတချို့ကို ဆက်သွယ်ရေးဏ္ဍမှာသုံးဖို့ရှိလို့ဆို

ABC

မြန်မာနိုင်ငံက ​ကမ္ဘာ့ဘဏ်ကနေ ​ရရှိမဲ့ချေးငွေတွေအထဲက ​ဒေါ်လာငွေ ​၃၅သန်းကို ​ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် ​ပြုပြင်ပြောင်းလဲရေးအတွက် ​အသုံးပြုသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

ကမ္ဘာ့ဘဏ်က ​မြန်မာနိုင်ငံကို ​အမေရိကန် ​ဒေါ်လာ ​၂၆၁ ​ဒသမ ​၅ဝ ​သန်း ​ချေးပေးမှာ ​ဖြစ်ပြီး ​အဲဒီထဲက ​၃၅ ​သန်း ​ကို ​မြန်မာ့ ​ဆက်သွယ်ရေးဏ္ဍမှာ ​အသုံးပြုခွင့်ရဖို့အတွက် ​အစိုးရကနေ ​လွှတ်ရဲ့ ​အတည်ပြုချက်ကို ​တောင်းဆိုသွားမှာဖြစ်ပါတယ်။

အဆိုပါဒေါ်လာ ​၃၅ ​သန်းကို ​ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရေးနဲ့ ​ပြုပြင်ပြောင်းလဲရေး ​အတွက် ​ဦးစားပေး ​အဆင့်ဖြင့် ​အသုံးသွားမှာ ​ဖြစ်တယ်လို့ ​မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ​တာဝန်ရှိများက ​အတည်ပြုဖြေကြားခဲ့ပေမယ့် ​ဘယ်လို ​အသုံးချမယ်ဆိုတဲ့ ​အသေးစိတ် ​ကိစ္စကိုတော့ ​ဖြေဆိုဖို့ငြင်း ​ဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ် ​ချေးငွေကနေ ​၃၅ ​သန်းရမဲ့အကြောင်း ​အဲဒါ ​အကုန်လုံးကို ​ဖွံ့ဖြိုးရေးနဲ့ ​ပြုပြင်ရေး ​ကဏ္ဍတွေမှာ ​သုံးမှာဖြစ်တယ်ဆိုတဲ့အကြောင်း ​မြန်မာ့ဆက်သွယ်ရေးနှင့် ​သတင်း ​အချက်အလက် ​နည်းပညာ ​ဝန်ကြီးဌာန ​ညွှန်ကြားရေးမှူး ​ဦးသန်းထွန်းအောင်က ​မီဒီယာ ​တွေကို ​ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး၊ ​သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာနက ​ဆက်သွယ်ရေး ​ပိုမိုကျယ်ပြန့်စေဖို့အတွက် ​ပြည်ပရင်းနှီးမြှပ်နှံမှုကုမ္ပဏီတွေကို ​တင်ဒါခေါ်ခဲ့ပြီး ​အဆိုပါကုမ္မဏီတွေကနေ ​ထုတ်လုပ်တဲ့ ​မိုဘိုင်းဖုန်းတွေကို ​စတင်ရောင်းချပေးနိုင်ရေးအတွက် ​ဆွေးနွေးဖို့ ​စက်တင်ဘာလလယ်လောက်ကျရင် ​နေပြည်တော်မှာ ​အစည်းအဝေး ​တရပ် ​ကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ ​သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ ​ဆက်သွယ်ရေးဝန်ကြီးဌာနက ​တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ​မိုဘိုင်းလ်ဖုန်းအလုံးရေ ​၅ ​ဒသမ ​၂ ​သန်းကျော်ကို ​ဖြန့်ဖြူးရောင်းချလျက်ရှိပေမယ့် ​လိုင်းအင်အားမမျှတမှုကြောင့် ​အခက်အခဲများ ​ဖြစ်ပေါ်နေတယ်လို့ ​မိုဘိုင်းဖုန်းအသုံးပြုသူတွေက ​ကလည်း ​ပြောဆိုနေကြပါတယ်။

တဆက်တည်းမှာပဲ ​မြန်မာနိုင်ငံက ​အိမ်ရှင်အဖြစ်ပြုလုပ်ကျင်းပမဲ့ ​အရှေ့တောင်အာရှ ​အားကစားပြိုင်ပွဲအမီ ​4G ​(LTE) ​စနစ် ​တပ်ဆင်ပေးနိုင်ရေး ​ဦးစားပေးဆောင်ရွက်နေတယ်လို့ ​မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ​ပြောတယ်ဆိုတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: