Saturday, September 14, 2013

ပိုလန်ရဲ့ ဒီမိုကရေစီ အတွေ့အကြုံကို ယူမယ်လို့ ဒေါ်စုပြော

ABC

ဥရောပ ​ခရီးစဉ် ​အဖြစ် ​ပိုလန်နိုင်ငံကို ​ရောက်ရှိ ​နေတဲ့ ​မြန်မာ့ ​ဒီမိုကရေစီ ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်း ​စုကြည် ​က ​ပိုလန်နိုင်ငံရဲ့ ​အာဏာရှင် ​အုပ်ချုပ်ရေး ​ငြိမ်းချမ်းစွာ ​ပြီးဆုံးသွားမှုဟာ ​အားကျဖွယ် ​ကောင်းတယ်လို့ပြောကြား ​လိုက်ပါတယ်။

မြန်မာနိုင်ငံဟာလည်း ​ပိုလန်နိုင်ငံ ​သွားခဲ့တဲ့ ​လမ်းကြောင်းအတိုင်း ​သွားနိုင်ဖို့ ​မျှော်လင့်ကြောင်း ​ပိုလန်ဒီမို ​ကရေစီခေါင်းဆောင် ​လက်ခ် ​ဗာဝင်ဆာနဲ့ ​တွေ့ဆုံ ​ဆွေးနွေး ​ပွဲမှာ ​ပြောကြား ​ခဲ့ပါတယ်။

ပိုလန်သမ္မဟောင်း ​လက်ခ် ​ဗာဝင်ဆာဟာ ​ပိုလန်ကွန်မြူနစ် ​ပါတီကို ​ဖြုတ်ချနိုင်ခဲ့တာကြောင့် ​၁၉၈၃ ​ခုနှစ်မှာ ​ကမ္ဘာ့ ​နိုဘယ်လ် ​ငြိမ်းချမ်းရေးဆု ​ရခဲ့သူတဦး ​ဖြစ်ပါတယ်။

ပိုလန်နိုင်ငံဟာ ​အာဏာရှင်စနစ်ကနေ ​ဒီမိုကရေစီ ​အသွင်ကူးပြောင်းရေးကို ​နှစ်ပေါင်းများစွာ ​ရှေ့ဆောင်ဦးရွက် ​ပြုခဲ့နိုင်သလိုမျိုး ​မြန်မာ့ ​ဒီမိုကရေစီ ​အသွင်ကူးပြောင်းရေးဟာလည်း ​အောင်မြင်ဖို့ ​ယုံကြည်ကြောင်း ​နဲ့ ​အသွင်ကူးပြောင်းရေးမှာ ​ကြုံတွေ့ရမယ့် ​အခက်အခဲတွေကို ​နားလည်နဲ့သူတွေနဲ့ ​တွေ့ဆုံရတာဟာ ​အားရကြေနပ်ဖို့ကောင်းတဲ့ ​အကြောင်း ​ဒေါ်အောင်ဆန်းစုကြည် ​က ​ထပ်လောင်း ​ပြောကြား ​သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​အုပ်ချုပ်မှုနဲ့ ​ဖွံ့ဖြိုးရေးဆိုင်ရာ ​ခေါင်းစဉ်အောက်မှာ ​မြန်မာနိုင်ငံသားတွေရဲ့ ​အခန်းကဏ္ဍ ​အကြောင်းကို ​ပိုလန်နိုင်ငံ ​၀ါဆော ​တက္ကသိုလ် ​မှာ ​ဟောပြော ​သွားခဲ့ပါတယ်။ 

နိုင်ငံသားပြည်သူတွေ ​အတွက် ​လွတ်လပ်စွာ ​ရွေးချယ်ခွင့်ရှိဖို့နဲ့ ​ဘယ်လို ​ရွေးချယ်နိုင်မလဲဆိုတာ ​လူထုကို ​အသိပေးဖို့ ​ပညာရေးမှာရော ​နိုင်ငံရေးမှာပါ ​အရေးကြီးတဲ့အကြောင်း ​အဓိပ္ပါယ် ​ဖွင့်ရှင်းပြသွား ​ခဲ့ပါတယ်။

နောက်မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ​ပြောဆိုတဲ့နေရာမှာတော့ ​လူထုမှာ ​ရွေးချယ်ခွင့်မရှိခဲ့တဲ့ ​ဖွဲ့စည်းပုံ ​ပြင်ဆင်ရေးကိစ္စကို ​ထည့်သွင်းပြောသွားသလိုပဲ ​ဖွဲ့စည်းပုံအရဆို ​စစ်တပ်က ​နိုင်ငံရေးမှာ ​လွှမ်းမိုးနေပြီးတော့ ​မြန်မာလူထုမှာ ​ရွေးချယ်ခွင့် ​အားနည်းနေရတဲ့အခြေအနေကိုလည်း ​ထောက်ပြပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်း ​စုကြည်ရဲ့ ​အရှေ့ ​ဥရောပ ​ခရီးစဉ်မှာ ​ဟန်ဂေရီ ​နိုင်ငံ ​နဲ့ ​ချက် ​သမ္မတနိုင်ငံတွေကို ​ဆက်လက်သွားဖို့ရှိပါတယ်

No comments: