Wednesday, September 11, 2013

ရခိုင်ပြည်နယ်ဒုက္ခသည်တွေအတွက် တရုတ်အစိုးရ အိမ် အလုံး ၁၅၀ ထောက်ပံ့

ABC

ရခိုင်ပြည်နယ်ဒုက္ခသည်တွေအတွက် ​တရုတ်အစိုးရက ​Ready ​made ​လုံးချင်း ​အိမ်အလုံးပေါင်း ​ ၁၅၀ ​ထောက်ပံ့ ​သွားမယ်လို့ ​သိရပါတယ်။

အဲဒီအလုံး ​၁၅၀ထဲက ​အိမ်အလုံး ​၆၀ ​ကျော်က ​စစ်တွေမြို့ကို ​ရောက်ရှိနေပြီဖြစ်ပါတယ်။

တရုတ်အစိုးရက ​လူသားချင်း ​စာနာထောက်ထားမှု ​အနေနဲ့ ​ထောက်ပံ့တာဖြစ်ပြီး ​ရခိုင်ဒုက္ခသည်တွေအပါအဝင် ​ရိုဟင်ဂျာ ​ဘင်္ဂါလီ ​ဒုက္ခသည် ​တွေကိုလည်း ​ပေးသွားမှာ ​ဖြစ်တယ်လို့ ရခိုင်ပြည်နယ်၊ ​လမ်းပန်း ​ဆက်သွယ်ရေး ​ဝန်ကြီး ​ဦးလှဟန်က ​ပြောပါတယ်။

တရုတ်နိုင်ငံက ​ထောက်ပံ့တဲ့ ​Ready ​Made ​လုံးချင်းအိမ်တွေကို ​သံ၊ ​သွပ်တို့နဲ့ ​တည်ဆောက် ​ထားတာဖြစ်ပြီး ​ သဘာဝ ​ဘေးအန္တာရာယ် ​ကျရောက်လာရင် ​အရေးပေါ်သုံးနိုင်တဲ့ ​အိမ်တွေဖြစ်တယ်လို့လည်း ​သိရတဲ့အကြောင်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments: