Tuesday, September 3, 2013

ကုလအထူးအကြံပေး ရခိုင်နဲ့ မွတ်စလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

ABC

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ​​မြန်မာနိုင်ငံဆိုင်ရာ ​​အထူးအကြံပေးပုဂ္ဂိုလ် ​​ဗီဂျေးနမ်ဘီးယား ​​(Vijay ​​Nambia)ဟာ ​မြန်မာ ​နိုင်ငံ ​ကို ​သြဂုတ်လ ​၂၅ ​ရက် ​က ​နေ ​စက်တင်ဘာ ​၂ရက်နေ့ ​အထိ ​သွားရောက်လေ့လာခဲ့ပြီး ​ရခိုင်ပြည်နယ် ​ခရီးစဉ်အတွင်း ​ရခိုင်တိုင်းရင်းသားတွေနဲ့ ​အစ္စလာမ်ဘာသာဝင် ​နှစ်ဘက်ခေါင်းဆောင်တွေ ​တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ​သိရပါတယ်။

စစ်တွေမြို့နယ် ​ဘောဒူဘ ​ဒုက္ခသည်စခန်းနဲ့ ​သံချောင် ​ဒုက္ခသည် ​စခန်းတွေကို ​သွားရောက် ​လေ့လာခဲ့ပြီး ​အောင်မင်္ဂလာ ​ရပ်ကွက်က ​မွတ်စလင် ​ခေါင်းဆောင်တချို့နဲ့ ​တွေ့ဆုံ ​ဆွေးနွေးခဲ့ပါတယ်။

သံတွဲမြို့ ​မှာ ​ဒေသခံတွေ ​ဘာသာရေး ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံ ​ဆွေးနွှေးခဲ့တယ်လို့ ​သိရပါတယ်။

ကုလ ​အထူးကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယားက ​သံတွဲမြို့မှာ ​ဒေသခံတွေ၊ ​ဘာသာရေး ​ခေါင်းဆောင်တွေ ​တွေ့ဆုံခဲ့ ​ပြီး ​- ​​ပဋိပက္ခဖြစ်ပွားတဲ့ ​အခြေအနေတွေကို ​လေ့လာခဲ့တယ်လို့ ​ရခိုင်ပြည် ​နယ် ​လွတ်တော်အမတ် ​ဦးအောင်မြကျော်က ​အခုလိုပြောပါတယ်။

သံတွဲမှာတော့ ​သူတို့ကအချိန်တော့သိပ်မပေးခဲ့ဘူးလို့ပြောတယ်။ ​သူတို့ကဟိုတလောတုန်းက ​ပဋိပက္ခဖြစ်ခဲ့တဲ့ ​အဲဒီနေရာတွေကို ​သွားတွေ့ပြီးရင် ​ဒုက္ခသည်တွေရဲ့အခြေအနေကို ​လေ့လာခဲ့တယ်လို့ ​သိရပါတယ်။ 

မစ္စတာနမ်ဘီးယားဟာ ​စစ်တွေမြို့မှာ ​ဒေသ ​ခံရခိုင်တိုင်းရင်းသားတွေနဲ့ ​မူဆလင်လူမျိုးတွေကြား ​ပဋိပက္ခတွေကြောင့် ​စစ်တွေ၊ ​မောင်တောနဲ့ ​ပေါက်တောမြို့ ​နယ်မှာရှိတဲ့ ​ဒုက္ခသည်တွေရဲ့အခြေအနေတွေကို ​သွားရောက်လေ့လာခဲ့ပါတယ်။

အဓိကကတော့ ​စစ်တွေမြို့လာတဲ့အပိုင်းကတော့ ​ပထမတကြိမ်ရောက်ခဲ့တဲ့အခြေအနေနဲ့ ​အခုအခြေအနေမှာ ​ဒုက္ခသည်တွေ ​ကူညီစောင့်ရှောက်မှုပိုင်းမှာ ​တိုးတက်မှုရှိမရှိကို ​လာကြည့်တယ်လို့တော့ ​ကျနော်တို့အနေနဲ့ ​သိရပါတယ်။ ​သူ့အနေနဲ့လည်း ​ဒီဘက်မှာ ​အစိုးရအဖွဲ့တွေ ​ကူညီစောင့်ရှောက်ထားတဲ့အပိုင်းတွေနဲ့ ​ပတ်သက်ပြီး ​ရင်တော့ ​အကောင်းမြင်ဝါဒနဲ့ ​သူကချီးကျူးသွားတယ်လို့တော့ ​သိရပါတယ်။ 

မစ္စတာဗီဂျေးနမ်ဘီးယားဟာ ​မြန်မာနိုင်ငံကို ​သြဂုတ်လ၂၅ရက်နေ့ကတည်းကရောက်ရှိ ​ခဲ့တာဖြစ်ပြီး ​၉ရက်ကြာ ​မြန်မာနိုင်ငံခရီးစဉ်အတွင်း ​ကချင် ​လွတ်မြောက်ရေးတပ်မတော်(KIA) ​ ခေါင်းဆောင် ​တွေနဲ့ ​လိုင်ဇာဌာနချုပ်မှာတွေ့ဆုံခဲ့ ​ပြီး ​ ကချင်ဒုက္ခ ​သည် ​စခန်းနဲ့ ​​ပဋိပက္ခတွေ ​ဖြစ်ပွားခဲ့တဲ့ ​မိတ္ထီလာမြို့ကိုလည်း ​သွားရောက် ​လေ့လာခဲ့ပါတယ်။

ခရီးစဉ်အတွင်း ​အမျိုးသား ​ဒီမိုက ​ရေစီအဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့သလို ​ပြည်ထောင်စုလွတ်တော်နာယက ​ဦးရွေမန်း ​နဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ​လေ့လာတွေ့ရှိချက်တွေကို ​မကြာမီကျင်းပမဲ့ ​ကုလသမဂ္ဂအထွေထွေ ​ညီလာခံမှာ ​တင်ပြ ​သွားမယ်လို့ ​သိရပါတယ်။

ကုလအထူးကိုယ်စားလှမနေ့နေလည်ပိုင်းမှာ ​သံတွဲမြို့ကနေ ​ရန်ကုန်မြို့ကိုပြန်လည်ရောက် ​ပြီး ​ညနေပိုင်းမှာမြန်မာနိုင်ငံကပြန်လည်ထွက်ခွာသွား ​ပြီလို့ ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ခဲ့ပါတယ်။

No comments: