Tuesday, September 17, 2013

ယာယီနိုင်ငံသားလက်မှတ် အဖြူရောင်ကတ် ကိုင်ဆောင်သူများကိစ္စ အာဏာပိုင်အဖွဲ့အစည်းများ အပြန်အလှန်တာဝန်လွှဲချနေ

နန်းလွင်နှင်းပွင့်

မြန်မာနိုင်ငံသားအဖြစ် အတိအကျ မသတ်မှတ်နိုင်သေးသဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးထားသည့် ယာယီနိုင်ငံသားလက်မှတ် အဖြူရောင်ကတ် ကိုင်ဆောင်သူများသည်လာမည့် ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိ/ မရှိနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက တိကျစွာ အဖြေမပေးနိုင်ဘဲ အပြန်အလှန် လွှဲချနေကြသည်။

ထိုအရေးကိစ်္စနှင့်ပတ်သက်၍ သက်ဆိုင်မှုအရှိဆုံး အဖွဲ့အစည်းများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနှင့်ရွေးကောက်ပွဲကော်မရှင်တို့သည် တာဝန်မရှိကြောင်း အသီးသီးငြင်းဆန်လျှက်ရှိပြီး အပြန်အလှန် လွှဲချနေကြခြင်းဖြစ်သည်။

ယာယီနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မဲပေးခွင့်/မပေးခွင့်နှင့်ပတ်သတ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ၀န်ကြီးဦးခင်ရီက “လ၀ကကတော့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ပဲဆိုင်တယ်။ မဲပေးဖို့သတ်မှတ်ချက်ကတော့ လ၀ကရဲ့ ပင်မလုပ်ငန်းတော့ မဟုတ်ဘူးလေ။ ဘယ်သူ့ကိုမဲ ပေးစေ၊ မပေးစေ ဆိုတာကတော့ ကျွန်တော်တို့ဌာနရဲ့ ပင်မလုပ်ငန်းမဟုတ်ပါဘူး” ဟူ၍ မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ဝန်ကြီးဦးခင်ရီသည် စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မဇ္ဈိမ၏မေးမြန်းမှုကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အတူပင် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကလည်း ၀န်ကြီးဦးခင်ရီ ထိုသို့မပြောမီ တစ်ရက် စက်တင်ဘာ ၁၄ ရက်၌ အင်းယားကန်ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုအရေးကိစ္စကိုမေးမြန်းကြရာ ရွေးကောက်ပွဲကော်မရှင်တွင် ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆန်ခဲ့သည်။

“လ၀ကကို မေးဖို့လိုမယ်၊ ပါတီဝင်ပဲ ဖြစ်ဖြစ်၊ နိုင်ငံသားပဲဖြစ်ဖြစ် လ၀ကက အတည် ပြုတယ်၊ သူကအတည်ပြုလို့ မဲပေးပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ပေးရင် ကျွန်တော်တို့ကပေးရတာပဲ။ ဘယ်ကိုအတည်ပြုရလဲဆိုတော့ လ၀ကကို အတည်ပြုရတာ၊ လ၀ကက နိုင်ငံသားဖြစ်တယ်၊ မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင် လုပ်ပေးရတာပဲ” ဟုဆိုသည်။

ထိုသို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကပြောကြားခဲ့ကြောင်းလည်း ၀န်ကြီးဦးခင်ရွှေကို မဇ္ဈိမကပြောကြား မေးမြန်းပြန်ရာ “မည်သည့်နိုင်ငံသားဖြစ်သည်ကို မသေချာတဲ့သူတွေကို White Card (ယာယီနိုင်ငံသားကတ်) ပေးတယ်။မြန်မာလား၊ ဘာလူမျိုးလဲမသေချာရင်တော့ ကျွန်တော်တို့ဌာနက White Card ပေးတယ်၊ White Card သည်မဲပေးခွင့် ရှိခြင်း၊ မရှိခြင်းကရွေးကောက် ပွဲကော်မရှင်ကသာလျှင် ဆုံးဖြတ်ရမယ်၊ ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ သက်ဆိုင်တယ်ဆိုတာ နိုင်ငံသားအဖြစ်သတ်မှတ်ခြင်း မသတ် မှတ်ခြင်းကိုပဲပြောတာ ဖြစ်ပါလိမ့်မယ်၊ အဲဒီလိုပဲ ထင်ပါတယ်” ဟု ပြန်လည်ဖြေဆိုသည်။

ယာယီနိုင်ငံသားကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိ/ မရှိနှင့် ဆက်စပ်၍ ဥပဒေတစ်ရပ် ပြုလုပ်ရန်ခြောက်ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသား အထက်လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အဆိုတင်သွင်းရာ လက်ခံဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။ ထိုကိစ္စကိုခု နစ်ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဟု ရသေ့တောင်အမတ် ဒေါ်ခင်စောဝေကပြောသည်။

“ဒီလိုဥပဒေမျိုးက ပေါ်ပေါက်လာဖို့လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် မဲပေးဖို့ဆိုပြီး White Card တွေ လုပ်ပေး ထားတာတွေအများကြီးပဲ ထုတ်ပေးထားတာ၊ အဲ့တာတွေက တကယ်ဆိုရင် မလုပ်သင့်ဘူး၊ နိုင်ငံတကာ မှာလည်း ဒီလိုမရှိဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသားမဟုတ်သူများကို ယာယီနိုင်ငံသားကတ်များ ထုတ်ပေးပြီး စစ်အစိုးရက မဲပေးခွင့်ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။

လက်ရှိရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ အမှားအယွင်းများရှိခဲ့ကြောင်း စက်တင်ဘာ ၁၄ ရက်က သတင်းထောက်များကို ၀န်ခံပြောဆိုခဲ့သည်။

သူကလာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ထိုသို့အမှားအယွင်းများမရှိရန် အာမခံကြောင်းလည်း ထိုနေ့က ကတိက၀တ်ပြုခဲ့သည်။

No comments: