Wednesday, September 25, 2013

ထမံသီ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖယ်ပေးလိုက်ရသည့် မူလမြေပိုင်ရှင်များ လျော်ကြေးရလို

ယုဝေ

ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ထမံသီ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖယ်ပေးလိုက် ရသည့် မူလ မြေပိုင်ရှင်များအနေဖြင့် စီမံကိန်းရပ်လိုက်ပြီး နောက်ပိုင်း ၎င်းတို့မြေနေရာများအတွက် လျော်ကြေး ရယူလိုကြောင်း ဒေသခံများက စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။

ဒေသခံများက ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး စီမံကိန်းရပ်ဆိုင်း

လိုက်ချိန်တွင် ၎င်းတို့၏ ကျေးရွာပောင်းများတွင် တရားဝင်ပြန်လည်နေထိုင်ခွင့်နှင့် စီမံကိန်းကြောင့် အသိမ်းခံခဲ့ရ သည့် မြေဧကများအတွက် လျော်ကြေးငွေများရရှိလိုသည်ဟု ဆိုခြင်းဖြစ်သည်။

ယင်းစီမံကိန်းမှာ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရ ပူးပေါင်းတည်ဆောက်သည့် စီမံကိန်းဖြစ်သောကြောင့်လျော်ကြေးငွေများကို မြန်မာအစိုးရထံသို့ တောင်းဆိုမည့်အပြင် အိန္ဒိယသံရုံးမှတစ်ဆင့် အိန္ဒိယ အစိုးရထံသို့ တောင်းဆိုသွားမည်ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

လျော်ကြေးတောင်းဆိုရန်အတွက် ဒေသခံများ၏ စုပေါင်းလက်မှတ်များကို ကောက်ခံထားရာ ၂၀ဝ နီးပါးရရှိပြီးဖြစ်သည်ဟုလည်း တူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးပြောရေး ဆိုခွင့်ရှိသူ
ဒေါ်ဘွိုင်းနူးက ပြောသည်။

ထမံသီ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ၂၀ဝ၇ ခုနှစ် နှစ်စပိုင်းကပင် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံကျေးရွာနှင့် တဇုံးကျေးရွာများမှ အိမ်ခြေပေါင်း ၃၀ဝ နီးပါးသည် ရွာပောာင်းမှ မိုင်လေးဆယ်ခန့်ကွာဝေးသည့် နေရာသစ်သို့ပြောင်းရွှေ့ပေးခဲ့ရပြီး ဆုံးရှုံးသွားသည့် လယ်ယာမြေများနှင့်နေအိမ်များအတွက် ဒေသခံအများစုသည် ကျပ် ငါးထောင်ခန့် လျော်ကြေးရရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ထိန်လင်းကလည်း "လျာ်ကြေးမရခဲ့ဘူးလို့ပြောရင် လိမ်ရာကျပါမယ်။ ကျွန်တော်တို့ ရွှေ့ပြောင်းခဲ့ရစဉ်အခါက တစ်အိမ်ထောင်ကို ငွေငါးထောင်နဲ့ ဆန်တစ်အိတ်စီ ရခဲ့ဖူးပါတယ်။ သူတို့အစားထိုးပြန်ပေးတဲ့မြေတွေကလည်း စိုက်ပျိုးလို့မရပါဘူး" ဟုပြောသည်။

လျော်ကြေးငွေတောင်းဆိုရာတွင် မြေဧက စုစုပေါင်း ၁၄၀ဝ ကျော် အတွက် တောင်းဆိုမည်ဖြစ်ကာ လျော်ကြေးငွေ သတ်မှတ်ချက်အား သတ်ဆိုင်ရာလူကြီးများနှင့် ကျေးရွာသားများမှ ညှိနှိုင်းတိုင်ပင်မည်ဖြစ်သည်ဟုလည်း ဒေသခံ များက ဆိုသည်။

ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဘွိုင်းနူးက "ထမံသီ ရေကာတာ စီမံကိန်းကြောင့် ရွာသားတွေရဲ့ ဘဝတွေ ပျက်စီးခဲ့ရတယ်" ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ထမံသီနှင့် ရေအားလျှပ်စစ် စီမံကိန်း ကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ အစိုးရက ယခုနှစ် ဇွန်လအတွင်းက ရပ်ဆိုင်းလိုက်သည်။

ထမံသီ ရေအားလျှပ်စစ်စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တည်ရှိပြီး ချင်းတွင်းမြစ်ကို ပိတ်၍ တည်ဆောက်မည်ဖြစ်သည်။ ယင်း စီမံကိန်းသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀ဝ ရှိပြီး စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများအား အိန္ဒိယနိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ရောင်းချရန် ရည်ရွယ်ထားခြင်း
ဖြစ်သည်။

ထမံသီဆည်၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၁၆၇၈၀ ဖြစ်ကာ ကန်ရေပြည့်ရေပြင်၏ ဧရိယာမှာ ၅၃၉ စတုရန်းမိုင်ဖြစ်သည်။ ပင်မတမံ အမြင့်မှာ ၂၆၃ ပေရှိပြီးဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၁၀ သိန်း ဖြစ်သည်။

No comments: