Thursday, September 26, 2013

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မဖမ်းနိုင်သည့် အမှုများတွင် ခိုးမှုအများဆုံးဖြစ်ဟု တိုင်းဝန်ကြီးပြော

မင်းမင်း

ရန်ကုန်တိုင်းအတွင်းဖြစ်ပွားသည့် အမှုခြောက်မျိုးအနက် ရဲများ မဖမ်းဆီးနိုင်သည့် အမှုမှာ ခိုးမှုအများဆုံးဖြစ်သည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက စက်တင်ဘာ ၂၄ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော်တွင်ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းအတွင်းဖြစ်ခဲ့သည့် ခိုးမှု အပါအဝင် လူသတ်မှု၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ လူကုန်းကူးမှုနှင့် မူးယစ်ဆေးဝါးမှုများတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမမိသေးသောအမှုပေါင်းမည်မျှရှိသည်ကို သိလိုသည်ဟု ကမာရွတ်မြို့နယ်မှ တိုင်းလွှတ်တော်အမတ်ဦးမြငွေ၏ မေးခွန်းထုတ်မှုကို ဗိုလ်မှူးကြီးတင်ဝင်းကဖြေခဲ့ခြင်းဖြစ်သည်။

"ပြည်သူတွေအနေနဲ့လည်း ငါတို့တိုင်းဟာ ဒီလောက်လူသတ်မှုတွေရှိတယ်။ ဒီလောက်တော့ ဖော်ထုတ်တယ်။ ဒီလောက် ခိုးမှုတွေဖြစ်တယ်။ ဒီလောက်တော့လည်း မိပြီဆိုတာကို ပွင့်လင်းမြင်သာ ထင်သာသိရှိရန် အတွက် ပြည်သူ့ဆန္ဒအရမေးမြန်းရခြင်း ဖြစ်ပါတယ်" ဟုဆိုကာ ဦးမြငွေက လွှတ်တော်တွင် မေးခွန်း ထုတ်ခဲ့သည်။

၂၀၁၁ နှစ်ဆန်းပိုင်းမှ ယခုနှစ် ဧပြီလအထိ နှစ်နှစ်ကျော်ကာလအတွင်း ခိုးမှုပေါင်း ၅၈၁ မှု၏ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု ဝန်ကြီးက ပြောသည်။

ယင်းအပြင် ထိုနှစ်နှစ်ကျော်ကာလအတွင်း ဖောက်ထွင်းမှု ၂၃ မှု၊ လုယက်မှု ၁၆ မှုနှင့် လူသတ်မှု ခြောက်မှု တို့ကိုလည်း တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းလည်း သူကပြောသည်။

လွှတ်တော်အမတ်၏ မေးခွန်းကို နယ်စပ်/လုံခြုံဝန်ကြီးက တိုင်းအတွင်း အမှုအခင်းများ ကျဆင်းရန်အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေဖြင့် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ဖော်ထုတ်အရေးယူနေပြီး ယခုနှစ်အတွင်း ]]ကျားနက်စီမံချက်}} ရေးဆွဲကာ အကောင်အထည်ဖော်နေသည်ဟုလည်း လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ရဲများ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဝန်ကြီးက ထိုကဲ့သို့ရှင်းပြသကဲ့သို့ လက်ရှိအခြေအနေတွင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခများကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျနေပြီး လေကျ့ငမ့် အှု ရညအ် သွေး နငှ့်သင်တန်းများလိုအပ်နေပြီဖြစ်ကြောင်း အငြိမ်းစားရဲမှူးများကထောက်ပြပြောဆိုသည်။

အငြိမ်းစား ဒု-ရဲမှူးကြီးဦးညွန့်လှိုင်က "Capacity (အရည်အသွေး) ပိုင်းကတော့တကယ်လိုအပ်တာ အမှန်ပဲဗျ။ နိမ့်နေတာပေါ့။ အရည်အသွေး နိမ့်နေတယ်ဆိုရင်တော့ တအားစော်ကားသလို ဖြစ်သွားမှာပေါ့နော်။ လိုအပ်နေတာပေါ့ဗျာ ပြင်ပေးရမယ်။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဃစေခေငအပ တွေ လိုနေတယ်" ဟု ဩဂုတ်လအတွင်းက မဇ္ဈိမနှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သေးသည်။

ထိုကဲ့သို့ ပြုပြင်ပြောင်းလဲရမည်ဟု ဝေဖန်ခံနေရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သော နည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်သက်ဆိုင်သော အကူအညီများကိုကူညီပေးမည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက ယခုလ အတွင်းတွင် မဇ္ဈိမကို ပြောထားသည်။

No comments: