Monday, September 2, 2013

မလေးရှားမှာ အလုပ်သမားဖမ်းဆီးမှုစတင်၊ မြန်မာ ၂၀၀ နီးပါး ဖမ်းခံရ

ABC

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ ​ကြာ ​အထူး ​စီမံကိန်းမှာ ​လူပေါင်း ​၅သိန်းကို ​ဌါနေနိုင်ငံ ​ပြန်ပို့မယ်လို့ ​မလေးရှား ​အာ ​ဏာပိုင်တွေက ​ကြေညာပြီးနောက် ​စက်တင်ဘာ ​လဆန်း ​(၁) ​၇က်နေ့မှာ ​စတင် ​ဖမ်းဆီးမှုတွေ ​လုပ်ပြီး ​မြန်မာနိုင်ငံသား ​၂၀၀နီးပါး ​အဖမ်းခံရတယ်လို့ ​သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ​အများစုဟာ ​ချင်းလူမျိုး ​တွေ ​ဖြစ်ပြီး ​ တနင်္ဂနွေနေ့ ​ဘုရားကျောင်းကို ​အသွားမှာ ​အဖမ်းခံရတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

မလေးရှား ​နိုင်ငံမှာ ​တရားမဝင် ​ဝင်ရောက် ​အလုပ်လုပ်ကိုင်နေသူတွေကို ​မှတ်ပုံတင်ဖို့ ​မလေးရှား ​အာဏာပိုင်တွေက ​တနှစ်အချိန်ပေးခဲ့ပြီး ​ဖြစ်တယ်လို့ ​လဝက ​အထွေထွေ ​ညွန်ကြားရေးမှူးချုပ် ​Datuk ​Alias ​Ahmad ​က ​The ​Star ​သတင်းစားကို ​ပြောပြခဲ့ပါတယ်။

မလေးရှားအစိုးရရဲ့ ​ကြော်ညာချက်အတိုင်း ​မလေးရှားနိုင်ငံရဲ့မြို့တော် ​ကွာလာလမ်ပူမြို့ရှိ ​မြန်မာဆိုင်တန်းတွေမှာ ​ဖမ်းဆီင်္းမှုကို ​စတင်ခဲ့တာ ​ဖြစ်ပါတယ်။

တရားမဝင် ​နေထိုင်သူ ​၊ ​အထောက်အထား ​မပြည့်စုံသူ ​အားလုံးကို ​ဆွဲခေါ် ​ပုံစံနဲ့ ​ဖမ်းဆီးနေတာ ​ဖြစ်ပါတယ်။

တရားမဝင် ​အလုပ်လုပ်နေတဲ့ ​အလုပ်သမားတွေထဲမှာ ​မြန်မာ ​နိုင်ငံသားတွေ ​အပါအဝင် ​ဘင်္ဂလားဒေ့ရှ်၊ ​ဗီယက်နမ်၊ ​နီပေါ ​နိုင်ငံက ​အလုပ်သမားတွေပါဝင်ပြီး၊ ​အဓိက ​ပစ်မှတ်ထား ​ဖမ်းဆီးတာကတော့ ​အင်ဒိုနီးရှား ​နိုင်ငံသားတွေ ​ဖြစ်တယ်လို့လဲ ​သိရပါတယ်။

စီမံချက်မှာ ​မလေးရှား၊ ​ရဲတွေ၊ ​လဝက ​ဝန်ထမ်းတွေ၊ ​စစ်တပ်၊ ​အရပ်ဖက် ​ဝန်ထမ်း ​တွေ ​မှတ်ပုံတင်ရုံးနဲ့ ​ရပ်ကွက် ​ကောင်စီ ​ဝန်ထမ်းတွေ ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

ဖမ်းဆီး ​မိသူအားလုံးကိုလဲ ​ချက်ချင်းပြန်ပို့ဖို့ ​စီစဉ်နေပြီး ​သက်ဆိုင် ​ရာသံရုံးတွေကိုလဲ ​ခရီးသွား ​လက်မှတ်တွေ ​အမြန်ဆုံးစီစဉ်ပေးဖို့ ​လုပ်ဆောင်နေတယ်လို့ ​The ​star ​သတင်း ​ထဲမှာ ​ဖေါ်ပြထားပါတယ်။

မလေးရှား ​နိုင်ငံ ​လဝက ​ဆိုင်ရာ ​တည်မြဲ ​ဥပဒေအရ ​တရားမဝင် ​နေထိုင် ​အလုပ်လုပ်ကိုင်နေသူတွေကို ​ထောင်ဒါဏ်နဲ့ ​ဒါဏ်ငွေတွေ ​ချမှတ် ​အပြစ်ပေး ​နိုင်တယ်လို့လဲ ​သိရပါတယ်။

မလေးရှား ​နိုင်ငံမှာ ​တရားမဝင် ​အလုပ်ဝင်လုပ်နေသူပေါင်း ​၇ ​သိန်းလောက် ​ရှိနေပြီး၊ ​အခုပြုလုပ်နေတဲ့ ​၃လ ​ကြာ ​စီမံကိန်းအတွင်း ​လူပေါင်း ​၅ ​သိန်းကို ​ဖမ်းဆီး ​ပြန်ပို့မှာ ​ဖြစ်တယ်လို့ ​သိရ ​ပါတယ်။

No comments: