Tuesday, September 17, 2013

တနင်္သာရီထောင် အကျဉ်းသားတွေ ဆန္ဒပြ

ABC

တနင်္သာရီတိုင်း ​ကော့သောင်းမြို့ ​အကျဉ်းထောင် ​အတွင်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​အဖြစ်အပျက်တွေနဲ့ ​ပတ်သက်ပြီး ​သတင်းဖော်ပြချက်တွေ ​မှန်ကန်မှုမရှိတာတွေ၊ ​ထောင်အာဏာပိုင်တွေအပေါ် ​မကျေနပ်ချက်တွေကြောင့် ​မနေ့တုန်းက ​တနင်္သာရီ ​အကျဉ်းထောင်သားတွေ ​ဆန္ဒပြခဲ့ကြပါတယ်။

အကျဉ်းသားတွေက ​ထောင်မှုး ​ထောင်ပိုင်ကို ​အလိုမရှိကြောင်း ​ပြောဆိုပြီး ​အကျဉ်းသား ​အခွင့်အရေးတွေ ​အပြည့်အဝပေးဖို့၊ ​ညှင်းပမ်းနှိပ်စက်မှုတွေ ​မလုပ်ဖို့၊ ​မီဒီယာသမားတွေကို ​ထောင်ထဲဝင်ခွင့်ပေးဖို့ ​တောင်းဆိုခဲ့ကြတယ်လို့ ​ကော့သောင်းမြို့ခံ ​တစ်ဦးက ​ပြောပါတယ်။

အကျဉ်းထောင်ထဲက ​အကျဉ်းသားတွေက ​ဆန္ဒထုတ်ဖော်ပွဲလုပ်ကြတယ်ဗျ၊ ​ထောင်မှူးတွေကို ​အလိုမရှိဘူး၊ ​ထောင်ပိုင်ကိုအလိုမရှိဘူးပေါ့နော် ​နောက်ပြီးတော့ ​အကျဉ်းသား ​အခွင့်အရေးကို ​အပြည့်ပေးဖို့ ​နောက်ပြိးတော့ ​ညှင်းပမ်းနှိပ်စက်မှုတွေမလုပ်ဖို့ပေါ့၊ ​မီဒီယာသွင်းပေးဖို့အထဲကိုလေ၊ ​ဟိုတနေ့ ​ကဖြစ်တဲ့ကိစ္စနဲ့ ​ပတ်သက်ပြီးရင် ​အာဏာပိုင်တွေကနေပြီးတော့ ​သတင်းထုတ်ပြန်တဲ့အခါမှာ ​အကျဉ်းသားတွေက ​ထောင်ဖောက်တယ်လို့ ​သတင်းထုတ်ပြန်တာကိုး၊ ​အကျဉ်းသားတွေက ​မကျေနပ်ဘူးဗျ၊ ​သတင်းအမှား ​ထုတ် ​တယ်ဆိုပြီးတော့ ​သူတို့ကိုမီဒီယာနဲ့ ​တွေ့ခွင့်ပေး၊ ​သူတို့မီဒီယာကိုပြောမယ်ဆိုတဲ့ဟာကို ​တောင်းဆိုကြတယ်။ 

စက်တင်ဘာလ ​၁၃ရက်နေ့က ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခအတွင်း ​ အကျဉ်းသားတွေက ​ထောင်ဖောက်တယ်လို့ ​သတင်းတွေ ​ထုတ်ပြန်ကြတာကို ​မကျေနပ်တဲ့အတွက် ​သူတို့ကို ​မီဒီယာသမားနဲ့ ​တွေ့ခွင့်ပေးဖို့ ​တောင်းဆိုခဲ့ကြတာ ​ဖြစ်ပါတယ်။

အကျဉ်းထောင်အတွင်းမှာ ​ရန်ဖြစ်ကြတဲ့ ​အကျဉ်းသား ​နှစ်ဦးကို ​ထောင်အာဏာပိုင်တွေက ​ရိုက်နှက်ပြီး ​အကျဉ်းသားတွေက ​မလုပ်ဖို့ ​တားမြစ်ရာက ​အခြေအတင် ​ဖြစ်ခဲ့ပြီး ​ထောင်ဝန်ထမ်းတွေက ​သေနတ်နဲ့ ​ပစ်ခဲ့ရာက ​တစ်ဦး ​သေဆုံးပြီး ​၇ ​ဦး ​ဒဏ်ရာ ​ရခဲ့တာလို့ ​ဒေသခံ ​တစ်ဦးက ​ပြောပါတယ်။

၁၃ ​ရက်နေ့ ​ည ​၈ ​နာရီလောက်မှာ ​ညီအစ်ကို ​နှစ်ယောက်ဖြစ်တဲ့ ​အကျဉ်းသားကနေ ​ပြီးတော့ ​စကားများကြတယ်။ ​စကားများကြတဲ့ ​ကလေးတွေကို ​အပြင်ခေါ်ထုတ်ပြီးတော့ ​ထောင်ဝန်ထမ်းတွေက ​အမျိုးမျိုး ​နှိပ်စက်တာပေါ့။ ​ရိုက်နှက်တာပေါ့နော်။ ​ထောင်ဝန်ထမ်းတွေက ​မူးနေတယ်လို့လည်း ​ပြောတယ်။ ​လက်နောက်ပြန် ​လက်ထိပ်ခတ်ပြီးတော့ ​ရိုက်တယ် ​နှက်တယ် ​ခြေထောက်နဲ့ကန်တယ်၊ ​မျက်နှာကို ​ခြေထောက်နဲ့ ​နင်းတာပေါ့။ ​အမျိုးမျိုး ​နှိပ်စက်တော့ ​အထဲက ​ထောင်သားတွေကနေ ​အဲလိုမလုပ်နဲ့ ​ဘာညာပေါ့ ​အော်တယ် ​တားတယ်ပေါ့။ ​ဒီလိုကနေ ​အုံကြွမှုဖြစ်တယ်။ ​အာဏာပိုင်တွေက ​တားတဲ့အခါ ​မရတော့ ​အခန်းကို ​မီးမှာင်ချလိုက်တယ်တဲ့၊ ​မီးမှောင်ချပြီး ​သေနတ်နဲ့ ​ပစ်လိုက်တယ်။ ​လူတစ်ယောက်ကတော့ ​အဲဒီမှာပဲ ​သေပြီး ​ကျန် ​၇ ​နှစ်ယောက်ကတော့ ​ခုလက်ရှိ ​ဆေးရုံမှာ။ 

ကော့သောင်းအကျဉ်းထောင်ထဲတွင် ​အကျဉ်းသား ​၆၀၀ကျော်ရှိတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: