Thursday, September 26, 2013

ဂျင်မီကာတာဦးဆောင်တဲ့ The Elders အဖွဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ

ABC

သီးသန့်လွတ်လပ်ပြီး ​ကမ္ဘာ့အထင်ကရ ​ပုဂ္ဂိုလ်တွေနဲ့ ​ဖွဲ့စည်းထားတဲ့ ​The ​Elders ​အဖွဲ့ကို ​အမေရိကန် ​သမ္မတဟောင်း ​ဂျင်မီကာတာ ​(Jimmy ​Carter) ​က ​ဦးဆောင်ပြီး ​မနေ့တုန်းက ​သမ္မတဦးသိန်းစိန်အပါအဝင် ​မြန်မာထိပ်သီးခေါင်းဆောင်တချို့နဲ့ ​တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံ ​ငြိမ်းချမ်းရေးကိစ္စ၊ ​အမျိုးသား ​ရင်ကြားစေ့ရေးကိစ္စနဲ့ ​ဒီမိုကရေစီဆီကို ​ဦးတည်တဲ့ ​အသွင်ကူးပြောင်းရေးကိစ္စတွေမှာ ​အားပေးထောက်ခံတဲ့အနေနဲ့ ​The ​Elders ​အ ​ဖွဲ့ ​က ​မြန် ​မာ ​နိုင် ​ငံ ​ကို ​ရောက် ​ရှိ ​နေတာ ​ဖြစ်ပါတယ်။

အသက် ​၈၈ ​နှစ်အရွယ် ​အမေရိကန်နိုင်ငံ ​သမ္မတဟောင်း ​ဂျင်မီကာတာနဲ့အတူ ​ဖင်လန်နိုင်ငံ ​သမ္မတဟောင်းနဲ့ ​နော်ဝေနိုင်ငံ ​ဝန်ကြီးချုပ်ဟောင်းတို့လည်း ​လိုက်ပါလာကြပါတယ်။

The ​Elders ​အဖွဲ့နဲ့ ​မြန်မာအစိုးရကြား ​ဘာတွေ ​ဆွေးနွေးခဲ့ကြတယ်ဆိုတာ ​မသိရသေးပေမယ့် ​ဒီကနေ့မှာ ​သတင်းစာ ​ရှင်းလင်းပွဲ ​ပြုလုပ်မယ်လို့ ​သိရပါတယ်။

The ​Elders ​အဖွဲ့ကို ​အာဖရိကနိုင်ငံ ​ခေါင်းဆောင်ဟောင်း ​နယ်လ်ဆင်မန်ဒဲလား၊ ​ဘုန်းတော်ကြီး ​ဒက်စမွန်တူးတူး ​အစရှိတဲ့ ​ပုဂ္ဂိုလ်တွေက ​၂၀၀၇ ​ခုနှစ်က ​ဖွဲ့စည်းခဲ့တာဖြစ်ပြီး ​ခုလောလောဆယ် ​ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ​ကိုဖီအာနန်က ​ဥက္ကဌအဖြစ် ​ဦးဆောင်နေပါတယ်။

အဖွဲ့ရဲ့ ​ရည်ရွယ်ချက်ကတော့ ​ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ​လူ့အခွင့်အရေး ​ဖွံ့ဖြိုးဖို့ ​လုပ်ဆောင်တဲ့အဖွဲ့ ​ဖြစ်ပါတယ်။

No comments: