Monday, September 16, 2013

Nauruကျွန်းပို့ခံရတဲ့ အထဲမှာ မြန်မာတွေပါဝင်

ABC

သြစတြေးလျနိုင်ငံ ​ခရစ္စမတ်ကျွန်း ​ထိန်းသိမ်းစခန်းကနေ ​Nauru ​ကျွန်းကို ​ပို့ဆောင်လိုက်တဲ့ ​ခိုလုံခွင့်တောင်းခံသူမိသားစုတွေထဲမှာ ​မြန်မာနိုင်ငံက ​လူတွေလည်းပါဝင်တယ်လို့ ​သိရပါတယ်။

မနေ့က ​Nauru ​ကျွန်းကို ​ပို့ဆောင်လိုက်တဲ့ ​ခိုလုံခွင့်တောင်းခံသူအုပ်စုထဲမှာ ​၃၁ ​ယောက်ပါဝင်ပြီး ​သူတို့တွေဟာ ​အီရန်နိုင်ငံနဲ့ ​မြန်မာနိုင်ငံကလူတွေဖြစ်ပြီး ​အဲဒီထဲမှာ ​အသက်အငယ်ဆုံးက ​၆နှစ် ​အရွယ်ဖြစ်တယ်လို့ ​Nauru ​အစိုးရက ​ပြောပါတယ်။

သြစတြေးလျရေပိုင်နက်ထဲကို ​မနေ့က ​တရားမ၀င် ​၀င်ရောက်လာတဲ့ ​လှေထဲမှာ ​မြန်မာနိုင်ငံက ​လူတွေလည်းပါတယ်လို့ ​သိရပါတယ်။

တရားမ၀င် ​၀င်ရောက်လာတဲ့လှေကို ​သြစတြေးလျ ​ရေတပ်က ​ဖမ်းမိခဲ့တာဖြစ်ပြီးတော့ ​သြစတြေးလျ ​ပိုင်နက်မှာရှိတဲ့ ​ခရစ္စမတ်ကျွန်းကို ​ပို့ဆောင်ထားတယ်လို့ ​သိရပါတယ်။ ​အခုရောက်လာတဲ့လှေဟာ ​သြစတြေးလျ ​အတိုက်အခံပါတီ ​ညွန့်ပေါင်းအစိုးရသစ် ​တက်လာပြီးတဲ့နောက်ပိုင်း ​ဖမ်းမိတဲ့ ​တတိယ ​မြောက်လှေဖြစ်ပါတယ်။

မနေ့ကပဲ ​သြစတြေးလျရေတပ်ကလည်း ​ခိုလုံခွင့်တောင်းခံသူ ​၇၄ဦး ​တင်ဆောင်လာတဲ့ ​တရားမ၀င် ​၀င်ရောက်လာတဲ့ ​လှေတစင်းကို ​ဖမ်းမိခဲ့ပြီး ​ခရစ္စမတ်ကျွန်းကိုပို့ဆောင်လိုက်ပါတယ်။ ​အခုဖမ်းခဲ့တဲ့ ​လှေဟာ ​သြစတြေးလျ ​အတိုက်အခံပါတီ ​ညွန့်ပေါင်းအစိုးရသစ်တက်လာကတည်းက ​တတိယမြောက် ​ဖမ်းမိခဲ့တဲ့လှေဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​ဗုဒ္ဓဟူးနေ့က ​မွတ်စလင် ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​၂၀၀ ​ကျော် ​တင်ဆောင်လာတဲ့လှေတစင်း ​ထိုင်းနိုင်ငံတောင်ပိုင်းမှာ ​မနေ့က ​ဆိုက်ရောက်လာခဲ့တယ်လို့ ​ထိုင်းအာဏာပိုင်တွေက ​ပြောပါတယ်။

အဆိုပါ ​ခိုလုံခွင့်တောင်းခံသူတွေအားလုံးဟာ ​အမျိုးသားတွေဖြစ်ကြပြီးတော့ ​အသက် ​၁၅နှစ်နဲ့ ​၄၀ ​ကြားမှာရှိပြီး ​မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်ဖက်ကနေ ​လာတာဖြစ်တယ်လို့ ​ယူဆ ​နေကြပါတယ်။

No comments: