Monday, September 9, 2013

UNFC နဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးမှု ပထမရက်မှာ သဘောတူညီမှုမရ

ABC

မြန်မာနိုင်ငံမှာ ​တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ​လာမဲ့အောက်တိုဘာလကုန်မှာ ​လက်မှတ်ရေးထိုးဖို့ ​ပြည်ထောင်စုငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီနဲ့ ​ညီညွတ်သောတိုင်းရင်း ​သားလူမျိုးများ ​ဖက်ဒရယ်ကောင်စီ ​(UNFC) ​အဖွဲ့တို့ ​ဆွေးနွေးခဲ့တဲ့ ​ပထမနေ့မှာ ​သဘောတူညီမှုတွေ ​တစုံတရာမှာ ​မရခဲ့ဘူးလို့ ​သိရပါတယ်။

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ​နှစ်ဖက် ​ကိုယ်စားလှယ် ​အဖွဲ့တို့ ​စက်တင်ဘာ ​၈ရက်နေ့ ​ကတွေ့ဆုံဆွေးနွှေးခဲ့တာ ​ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ​အစိုးရဘက်က ​ပြည်ထောင်စုဝန်ကြီး ​ဦးအောင်မင်းဦးဆောင်တဲ့ ​ကိုယ်စားလှယ် ​တွေနဲ့ ​UNFC ​ဘက်က ​နိုင်ဟံသာ ​ဦးဆောင်တဲ့ကိုယ်စားလှယ် ​အဖွဲ့ဝင်တွေ၊ ​ဂျပန်နိုင်ငံကလေ့လာသူ ​တွေနဲ့ ​ငြိမ်းချမ်းရေးအကျိုး ​တော်ဆောင်တွေ ​ပါဝင် ​တက်ရောက်ခဲ့တယ်လို့ ​သိရပါတယ်။ 

တပြည်နယ်လုံး ​လက်မှတ်ရေးထိုးပြီးမှ ​နိုင်ငံရေးဆွေးနွေးပွဲတွေ ​စတင် ​နိုင်မှာဖြစ်တယ်လို့ ​အစိုးရဘက်က ​ပြောခဲ့တဲ့အကြောင်း ​ငြိမ်းချမ်းအကျိုးတော်ဆောင် ​ဦးညိုအုန်းမြင့်က ​အခုလိုပြောပါတယ်။

အောက်တိုဘာလကုန် ​ဒါမှမဟုတ် ​နိုဝင်ဘာလဆန်းကို ​ငြိမ်းချမ်းရေးအတွက်၊ ​တပြည်လုံးအပစ်အခတ်ရပ်စဲရေးအ ​တွက် ​၊ ​နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတွေအတွက် ​ဆွေးနွေးပါတယ်၊ ​နောက်တခါ ​တပြည်လုံးအတိုင်းအတာနဲ့ ​အ ​ပစ်အခတ်ရပ်စဲနိုင်ရင် ​အားလုံးဟာနိုင်ငံရေးစားပွဲဝိုင်းမှာအဖြေရှာရမှာဖြစ်ပါတယ်၊ ​အနာဂတ်မှာ ​နိုင်ငံရေးဆွေးနွေး ​ဖို့အတွက် ​နိုင်ငံရေးလမ်းပြမြေပုံသဘောပေါ့နော် ​မူတွေ၊ ​ဘောင်တွေ ​အတွက်ကိုလည်း ​အစိုးရဘက်ကနေပြန် ​တင်ပြတာတွေရှိပါတယ်။

UNFC ​ဘက်ကတော့ ​ငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်တွေ၊ ​တိုင်းရင်းသား ​ညီလာခံမှာ ​အတည်ပြုခဲ့တဲ့ ​အချက်တွေနဲ့ ​ရှေ့ဆက်ပြီး ​နိုင်ငံရေးလုပ်ငန်းစဉ်တွေ ​ဘယ်လိုသွားမလဲဆိုတာတွေ ​ဆွေးနွေးခဲ့ပြီး ​အစိုးရဘက်ကတော့ ​ပြည်နယ်အဆင့်မှာ ​သဘောတူ ​လက်မှတ်ရေးထိုးခဲ့တဲ့ ​ပဏာမ ​အပစ်အခတ် ​ရပ်စဲရေးအချက် ​၄ချက်အပေါ်မှာ ​ထပ်ပြီး ​အတည်ပြုဖို့နဲ့ ​political ​ဒိုင်ယာလော့ကို ​ဆက်ပြီး ​ဆောင်ရွက်သွားမယ် ​ဆိုတဲ့ ​အခြေခံအချက်တွေကို ​မူတည်ပြီး ​လက်မှတ်ထိုးမဲ့အပေါ်မှာ ​သိပ်ပြီး ​ထူးခြားချက် ​မရှိဘူးလို့ ​မြင်တဲ့အကြောင်း ​UNFC ​ဘက်က ​ပြောပါတယ်။

တပြည်လုံးအတိုင်းအတာ ​အပစ်အခတ်ရပ်စဲရေးနဲ့ ​ပတ်သက်ပြီး ​UNFC ​ဘက်က ​နားလည်တာကတော့ ​အစိုးရ ​ဘက်ကနေ ​ထုတ်ပြန်ပေးဖို့ ​လိုသလို ​အပစ်အခတ်ရပ်စဲရေးနဲ့ ​ပတ်သက်လို့ ​ပဏာမ ​အဆင့်မှာ ​လက်မှတ်ရေးထိုး ​ထားပြီးဖြစ်တဲ့အတွက် ​အခုတခါပြန်ပြီး ​လက်မှတ်ထိုး ​ရမယ် ​ဆိုတဲ့ကိစ္စ ​အပေါ်မှာ ​မရှင်းလင်းတဲ့အတွက် ​မေးခွန်း ​ထုတ်တာတွေ၊ ​စိုးရိမ်ချက်တွေလည်း ​ရှိတယ်လို့ ​UNFC ​တွဲဘက်အတွင်းရေးမှူး(၁) ​ပဒိုမန်းမန်းက ​အခုလိုပြောပါတယ်။

ကျနော်တို့ကတော့ ​အကြံပြုချက်တွေနဲ့ ​စိုးရိမ်ချက်တွေကို ​တင်ပြပါတယ်၊ ​အလုံးစုံ ​အပစ်အခတ် ​ရပ်စဲရေးနဲ့ ​ပတ်သက်ပြီးတော့မှ ​နိုဝင်ဘာမှာ ​၊ ​အောက်တိုဘာမှာ ​ကျင်းပမယ် ​ဆိုတဲ့ကိစ္စမှာ ​အချိန်တွေက ​အများကြီး ​အကန့်အသတ် ​ဖြစ်တယ်ပေါ့နော်၊ ​တအား ​လျင်မြန်လွန်းတဲ့ကိစ္စ၊ ​နောက်အလုံးစုံ ​အပစ်အခတ်ရပ်စဲရေးကို ​ဆောင်ရွက်တဲ့ ​နေရာမှာ ​တိကျခိုင်မာတဲ့ ​နိုင်ငံရေး ​အာမခံချက်နဲ့ ​အပစ်အခတ်ရပ်စဲရေးနဲ့ ​ပတ်သက်တဲ့ ​သတ်မှတ်ရမဲ့ ​တပ်ပိုင်းဆိုင်ရာ ​အခြေခံတွေကိုလည်းပဲ ​သိထားဖို့လိုတယ် ​ဆိုတာကိုတော့ ​ကျနော်တို့က ​ထောက်ပြတာဖြစ် ​တယ်ပေါ့၊ ​အလုံးစုံ ​အပစ်အခတ်ရပ်စဲရေးကို ​မဖိတ်ခေါ်ခင်မှာ ​အစိုးရ ​ဘက်ကနေပြီးတော့မှ ​ကြိုတင်ပြီးတော့မှ ​တပြည်လုံး ​အပစ်အခတ်ရပ်စဲရေးကို ​ဖိတ်ခေါ်ပေးဖို့ ​ဆိုတာကိုလည်း ​အကြံပြုတယ်၊ ​အလုံးစုံ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီချက် ​ဘယ်အချက်တွေ ​ပါမယ်ဆိုတာ ​ပွင့်ပွင့်လင်းလင်း ​ချပြထားဖို့ ​လိုတယ်ပေါ့နော်၊ ​အဲဒီပါဝင် ​မဲ့အချက်အလက်တွေကို ​ရေးဆွဲတဲ့ ​နေရာမှာလည်းပဲ ​တိုင်းရင်းသား ​ဘက်ကကော ​နိုင်ငံရေးပါတီအပါအ၀င် ​ပြုစုတဲ့အထဲမှာ ​ပါဝင်ရမယ် ​ဆိုတာကို ​အကြံပြုခဲ့ပါတယ်။

တနိုင်ငံလုံး ​အလုံးစုံ ​အပစ်အခတ်ရပ်စဲရေး ​ဆိုတဲ့နေရာမှာ ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်မရေး ​ထိုးရသေးတဲ့အဖွဲ့တွေ ​ကျန်ရှိနေသေးတဲ့ ​အပေါ်မှာလည်း ​စိုးရိမ်ချက်တွေရှိနေပြီး ​အစိုးရဘက်ကတော့ ​လက်မှတ် ​မရေးထိုး ​ရသေးတဲ့အဖွဲ့တွေကိုလည်း ​အမြဲတမ်းဖွင့်ထားပေးတဲ့အကြောင်းနဲ့ ​တပြည်လုံးအပစ် ​အခတ်ရပ်စဲ ​ရေးလက်မှတ် ​ရေးထိုးပြီးရင် ​မတရားအသင်း ​ကြေညာထားတဲ့အဖွဲ့တွေကို ​ရုတ်သိမ်းပေးမယ်လို့ ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ထားပါတယ်။

No comments: