Monday, September 2, 2013

WGEC ကိုယ်စားလှယ် နှင့် ဒုသမ္မတ စိုင်းမောက်ခမ်းငြိမ်းချမ်းရေးကိစ္စဆွေးနွေး

သျှမ်းသံတော်ဆင့်

ဩဂတ်စ် ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနယ်စပ်အခြေစိုက် တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ WGEC ကိုယ်စားလှယ်များ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်း တို့ နေပြည်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ ၂ နာရီကျော်ကြာတွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

WGEC ကိုယ်စားလှယ်များမှ တတိုင်းပြည်လုံးအပစ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးပွဲဆိုင်ရာ မူဘောင် ၊အဘက်ဘက် စုံညီပါဝင်သည့် ပင်လုံကဲ့သို့ ပြည်ထောင်စုအဆင့် ညီလာခံကြီး ကျင်းပရေးကိစ္စနှင့် ငြိမ်းချမ်းရေး
တည်ဆောက်စဉ် လက်တွဲလုပ်ဆောင် ရမည့် ကြားကာလ လုပ်ငန်းများ စသဖြင့် ဆွေးနွေးတင်ပြကြသည်။

“ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းကနေပြီးတော့ - ကျနော်တို့ တိုင်းပြည်က ငြိမ်းချမ်းဖို့အချိန်တန်ပြီ၊ငြိမ်းချမ်းရေးက အရေးကြီးတယ်၊ ဒါ့ကြောင့် ငြိမ်းချမ်းရေး မရှိရင် တိုင်းပြညနိမ့်ကျမယ်။ ဒါ့ကြောင့် ကျနော်တို့ တွေ၊ တိုင်းရင်းသားခေါင်း ဆောင် တွေ ညီညီညွတ်ညွတ်လက်တွဲပြီး ဒီပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ လက်တွဲဖေါ်ဆောင် ရမယ်” လို့ ပြောတယ်။ ကျနော်တို့ တင်ပြတဲ့ ငြိမ်းရေးဆွေးရေး မူဘောင် ကိုလဲ လက်ခံဆွေးနွေးတယ်“ - ဟု ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

ပြည်ထောင်စုငြိမ်း ငြမ်းချမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဥက္ကဌ ၊ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီဝင်များက
WGEC ကိုယ်စားလှယ်များ ဖြစ်ကြသည့် ပညာရှင် ဒေါက်တာဆလိုင်းလျံမုန်းဆာခေါင်း၊ ဗဒိုစောတူးတူးလေး၊ တိုင်းရင်းသားလူငယ်များ အဖွဲ့မှ ကိုယ်စားလှယ် ကချင်လူငယ် ကိုနော်ဆန်း ၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဗဒိုစောကွယ် ထူးဝင်း နှင့် ဗဟိုကော်မတီဝင် ၅ ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလ၊ဒုဗိုလ်မှူးကြီး စိုင်းငင်း တို့အား အလွတ်ဘော လက်ခံတွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ကိစ္စရပ်များ ဆွေးခြင်းဖြစ်သည်။

“WGEC လုပ်ထားတဲ့ နိုင်ငံရေးမူဘောင်ကို အစိုးရကော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီတွေကော၊ လူထုကောပေါ့ သွားရောက်ချပြတယ်။ တိုင်းရင်းသား အတိုက်အခံ ဘက်က ဘာတွေရှိလဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးလိုလဲဆိုတာတွေပေါ့၊ ပြီးရင် ရလာထဲ့အချက်အလက်တွေကို UNFC အပါဝင် အားလုံးကို ပြန်လာချပြမယ်။ ပြန်ရှင်းပြမယ်” - ဟု WGEC တွင် ပါဝင်သည့် သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောပါသည်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC အား၂၀၁၂ စက် တင်ဘာ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပသည့် တိုင်းရင်းသား ညီလာခံကြီးမှ ဖွဲ့စည်း ခဲ့သည်။ WGEC ၏ လမ်းပြမြေပုံ Road Map ၆ ချက်မှာ - (၁) နိုင်ငံရေး ဆွေးနွေး ပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်၊ (၂) အစိုးရနှင့် ဆွေးနွေးပြီး ‘နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်’ ကို သဘောတူညီချက် ရယူရန်၊ (၃) ပြည်နယ်အလိုက် ညီလာခံ ကျင်းပရန်၊ (၄) ပြည်နယ်အားလုံး စုပေါင်းပြီး ညီလာခံ ကျင်းပရန်၊ ( ၅) တတိုင်းပြည်လုံး အတိုင်းအတာနှင့် ပြည်ထောင်စု ညီလာခံကြီး ကျင်းပရန်(၆) အချိန်သတ်မှတ်၍ အထက်ပါ အချက် ၅ ချက်ကို လုပ်ဆောင်သွားရန် - တို့ဖြစ်သည်။

No comments: