ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်၊ (Virasak Futrakul ) ဗီးရာဆ ဖုထရာကူက အမေရိကန် ရုပ်ရှင် မင်းသမီး အန်ဂျယ်လိနာ ဂျိုးလီအား ကိုယ့်ကိစ္စကိုလုပ်ရန်ပြောပြီး ယူအဲန် အေဂျင်စီကိုလည်း အဘယ်ကြောင့်သူမအား ဒုက္ခသည်စခန်းတခုသို့ ခေါ်ဆောင်လာရခြင်း၏ အကြောင်းရင်းကို ဖြေရှင်းချက်ပေးရန် မနေ့က တောင်းဆိုလိုက်သည်။ ထိုင်း-မြန်မာနယ်စပ် တလျောက်ရှိ မြန်မာဒုက္ခသည်များအား ကြီးကြပ်သည့် ပြည်တွင်း ၀န်ကြီးဌာနနှင့် ယူအဲန်အေဂျင်စီများသည် ဟောလိဝုဒ်မင်းသမီးအား ထိုနေရာသို့ စည်းကမ်းမဲ့စွာ ခေါ်ဆောင်သွား ခြင်းဖြစ်သည်ဟု ဗီးရာဆက ပြောသည်။ ယူအဲန်အိတ်ခ်ျစီအာအားလည်း ယူအဲန်အနေနှင့် ထိုဒုက္ခသည် စခန်းများတွင် လုပ်ပိုင်း ခွင့်အာဏာမရှိသည့်အတွက် တစုံတရာပြောဆိုခြင်း မပြုလုပ်ရန်လည်း သူက သတိပေးခဲ့သည်။ ယူအဲန်အေဂျင်စီက ဂျိုးလီနှင့်သူမ၏ ရည်းစား (ယောင်္ကျား) ဘရက်ပစ်တို့သည် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်းအား သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။သံတမန်ရေးရာ ဗန်းစကားနှင့် လုပ်ဆောင်မှု အများပြားအကြား နိုင်ငံတကာအသိုင်းအ၀န်း၌ ပြဿနာကြီး တခုအား ကိုင်တွယ်ဖြေရှင်း ရန် ရှိနေသည်ဆိုသည်ကို နောက်ထပ် သတိပေးလိုက်ရသည့် အတွက် ကျနော်တို့ အား ခွင့်လွတ်ပါရန် ပါကြားအပ်ပါသည်။ ထိုပြဿမှာ ရိုဟင်ဂျာများနှင့် ပတ်သက်နေခြင်းဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရ်နယ်စပ်၌ နေထိုင်သည့် နိုင်ငံမဲ့သူများ ဖြစ်ပါသည်။
သို့သော် ဟောလိဝုဒ် နာမည်ကြီးသမားများ၏ အပြောအဆိုနှင့် လုပ်ကိုင်ပုံများကို မည်သူမျှ မထိန်းချုပ်နိုင်သည့် အချိန်တွင် ၎င်းတို့ ပြောလိုက်သောစကားများကိုလည်း လူတိုင်းလိုလို နားထောင်နေကြခြင်းမှာ အမှန်ပင်ဖြစ်ပါသည်။
ထို်င်းနိုင်ငံအနေနှင့် ထိုကဲ့သို့ အာဏာနှင့် ပြောလိုက်သည်ကိုလည်း နားလည်ပေးရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုင်းနိုင်ငံသည် ဒုက္ခသည် ညီလာခံ၌ လက်မှတ်ထိုး ကတိပေးထားသည့် နိုင်ငံမဟုတ်သည့်အတွက် ဖြစ်သည်။ သို့သော်သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းနောက်ကွယ်တွင် ရေကို ထိန်းချုပ်၍ မရနိုင်ပါ။ အထူးသဖြင့် ထိုင်းလုံခြုံရေးတပ်များသည် ရိုင်ဟင်ဂျာများအား ပင်လယ်ထဲသို့ပြန်ပို့လိုက်သည် ဟူသည့် နာမည်ပျက်များနှင့် ရင်ဆိုင်နေရသော အချိန်တွင်ဖြစ်ပါသည်။ တချို့က စရင်းပျောက်နေသည့် အချိန်တွင် တချို့ က ထိုင်းတပ်မှ မတော်တရားပြုမှုခဲ့ပြီး ၎င်းတို့ကို ပင်လယ်ထဲသို့ စက်ပစ္စည်း အနည်းငယ်နှင့် အစာရေစာတချို့သာ ထည့်ပေးလိုက်သည်။ နောက်ထပ်မျက်နှာပျက်စေသည့် အကြောင်းတခုမှာ ရိုဟင်ဂျာများအား ကယ်တင်ခဲ့သည့် အန္ဒိယ ရေတပ်ကလည်း ၎င်းတို့တွေ့ရှိရသည့် ဖြစ်ရပ်ကို ထပ်ခါတလဲလဲ ကမ္ဘာအား ပြောပြနေခြင်းဖြစ်သည်။
ကျနော်တို့အနေနှင့် ဂျိုးလီက ဟောလိဝုဒ် မင်းသမီးကြီးဖြစ်နေသည့်အတွက် သူမပြောသည့်အတိုင်း လိုက်လုပ်ရန် မလိုအပ်ပေ။ ကျနော်တို့ အမှန်လိုအပ်သည်မှာ ထိရောက်မှုရှိသည့် ပေါ်လစီနှင့် တရားဝင်ပြီး လူသားခြင်း စာနာထောက်ထားမှု ရှိသည့်မှုများ ဖြစ်ပါသည်။ ဂျိုးလီအားအပြစ်တင်မည့်အစား ကျနော်တို့သည် ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေကြလျှင် ပိုမကောင်းပေဘူးလား။ ဒါမှမဟုတ်လျှင် ထိုကဲ့သို့ ရှာဖွေမှုက ရေးသားပြဌာန်းမထားသည့် အာစီယံ၏ “ နိုင်ငံနီးခြင်း၏ ပြည်တွင်းပြဿနာကို ၀င်မစွက်ရေး” စည်းမျဉ်းစည်းကမ်း ဥပဒေနှင့် မကိုက်ညီသလော။ ယခုလက်ရှိပြဿနာသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ပါသည်။ သူတို့သည်သာလျှင် ထိုင်းနိုင်ငံ၊ အာစီယံနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ ခေါင်းခဲစေ၊ စိတ်ရှုပ်ထွေးစေသည့် ပြဿနာ အရင်းအမြစ်ဖြစ်ပါသည်။
No comments:
Post a Comment