Friday, June 26, 2009

ဒေါ်စုအမှု သက်သေ ကြားနာရန် ဇူလိုင် ၃ ရက်သို့ ရုံးချိန်း

မုံပီး သောကြာနေ့၊ ဇွန်လ 26 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန် ထောင်ရှိ အထူး တရား ရုံး၌ ယနေ့ပြု လုပ် သည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ တရား ခွင်က ဒုတိယ မြောက် တရား ဆိုင် သက်သေကို ကြားနာရန် လာမည့်လ ၃ ရက် နေ့သို့ ထပ်မံ၍ ရုံးချိန်ပေး လိုက်သည်။


ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားရာ၌ နံနက် ၁၀ နာရီက တရားခွင် စတင်ခဲ့သော်လည်း နာရီဝက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ သက်သေ ဒေါ်ခင်မို့မို့ကို ကြားနာရန် ရုံးချိန်းပေးလိုက်ခြင်း ဖြစ်သည်။

”ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်က မထွက်သေးတော့ အောက်ရုံး (မြောက်ပိုင်းခရိုင်ရုံး) က ဆက်လုပ်လို့ မရဘူး ဖြစ်နေတယ်” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

တရားဆိုင်ဘက်က တင်ပြထားသော နောက်ထပ်သက်သေ ၂ ဦးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့နှင့် ပတ်သက်၍ လျှောက်လဲချက်ကို ဗဟိုတရားရုံး၌ ယခုသတင်းပတ် အစောပိုင်းက ကြားနာခဲ့သည်။

No comments: