Monday, June 22, 2009

အကြောင်းမလှပေမယ့် အကြောင်းက ရှိနေဆဲပါ

ဆိနဲ၊ မော်တခဲ

ဆူရယ်ရဲ့ အသက် ကတော့ ၂ဝ ပတ်ဝန်း ကျင်လောက်ပဲ ရှိပါ သေးတယ်။ သူဟာ မျက်လုံး ဝိုင်းဝိုင်း နှာတံ ရှည်ရှည်၊ မျက်ခုံး မထူမပါး ၊မေးရိုး အနည်းငယ် ကားပြီး မဖြူမမဲ သော အသား အရေကို ပိုင်ဆိုင် ထားသူဖြစ် ပါတယ်။

ဆူရယ် ရဲ့ဘဝ တလျှောက်တွင် အောက်လမ်းပညာဖြင့် ဆိုးဆိုးဝါးဝါးဘ၀နဲ့ ပြုစားခြင်းခံရတယ်လို့ ယုံကြည် နေတယ်။ သူရဲ့ဘဝ မှာ လည်း အမြဲတမ်း ကြောက်လန့်မှု တွေနဲ့ သက်ရှင်နေထိုင်ရတယ်။

ဆူရယ်ဟာ ဗိုက်ဖောင်းလာပြီး မစားနိုင် မသောက်နိုင် နေမထိ ထိုင်မသာ ဖြစ်လောက်အောင် ခံစားရပါတယ်။ သူဟာ အိမ်နီးနားခြင်းရဲ့ ပြုစားခြင်းခံရတယ်လို့ သူက လုံးဝ ယုံကြည်နေပါတယ်။မကြာခဏ ဆိုသလိုမျိုး သူရဲ့ ခန္ဓာကိုယ်မှာလည်း အနီဖု လေးတွေ ထွက်လာ တတ်ပါတယ်။

“အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တခြားအနာနဲ့ မတူဘူး ကိုက်ပြီးအိပ်လို့မရအောင်နာတယ်” လို့ သူကပြောတယ်။

ဆူရယ် ကြုံတွေ့ နေရတဲ့လက္ခဏာတွေက အသဲခြောက်ပြီး ရေဖျင်းစွဲ တဲ့ လက္ခဏာဖြစ် တယ်လို့ ဆေးပညာ နားလည်တဲ့ သူတဦးက ပြောပါတယ်။

တစုံတယောက်ကလဲ နာမကျန်းဖြစ်ရင် ဒီလိုပြုစား ခံရတယ်လို့ယုံကြည် ကြတယ်၊ ဒီလိုဖြစ် တာက ကျန်းမာ ရေး အသိ ပညာနည်း သောကြောင့် ဖြစ်ရတယ်လို့ ဒေသ တွင် သွားရောက်လေ့လာသော ကျန်းမာရေးမှုး တဦး ကပြောပါတယ်။

ပွန်ချောင်းကမ်းဘေးတလျှောက်တွင် ရှိနေသော ဘောလခဲ အနီး ရွာတရွာမှ ဒေသခံတဦး ဖြစ်တဲ့ ဆူရယ်သည်သူ၏ ဘဝတလျှောက်တွင် ဒီလိုအောက်လမ်းဖြင့် ပြုလုပ် သောပုံစံမျိုးကို အမြဲလိုလိုတွေ့ရ တတ်တယ်လို့ ပြောပါတယ် ။

ကရင်နီပြည် (ကယား)မှ သံလွင်မြစ်တွင်းသို့ တသွင်သွင် စီးဆင်းလျက်ရှိနေသော ပွန်းချောင်းမြစ်တစ်စင်းရဲ့ ပတ်ဝန်းကျင် တလျှောက် တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်လျက်ရှိတယ်။

ပူပြင်းလှတဲ့ ကရင်နီပြည် အပူပိုင်းဒေသမှာ နေထိုင်ကြသော ကရင်နီ တိုင်းရင်းသား လူများက ရေကြည်ရာ မျက်နုရာ ရှာဖွေရင်း မိမိလူ မျိုးများနှင့် သင့်လျော်မည် ထင် သည့် ပွန်းချောင်းကမ်းဘေးတလျှောက်တွင် လာရောက်နေထိုင်ခဲ့ကြတယ်။

ဒီလိုပြုစားတယ်ဆိုတဲ့အယူအဆကြီးဟာ ကရင်နီတိုင်းရင်းသားလူမျိုးများသာမက အခြားသော တိုင်းရင်းသားများတွေလည်း ယုံကြည် လျက်ရှိနေတယ်။ ပြုစားတယ်ဆိုတဲ့ အစွဲကြီးဟာ ရှေးဘိုးဘွား ဘီဘေ လက်ထဲကတည်းကပင် ယခုထိမှာလည်း ရှိနေဆဲပါပဲ။

ကျေးလက်တောတောင် မှာနေထိုင်သော ဒေသခံများရဲ့ ကျန်းမာရေးအသိပညာကို ဒီအစွဲကြီးဟာ တနည်းတလမ်းအားဖြင့် အားနည်း စေ ပါတယ်။ ဒါကြောင့် မဖြစ်သင့် မဖြစ်ထိုက်သော ရောဂါဝေဒနာ ဆိုးဝါးမှုများ အချိန်မလွန်သင့်ပဲ လွန်သွားခဲ့တာတွေ ရှိပါတယ်။

ကျေးလက်တော ဒေသမှာ သွားရောက်ကုသပေးတဲ့ ဆေးမှူးတယောက်ရဲ့ပြောပြချက်ကတော့ “ ရွာသူရွာသား တစ်ယောက်ယောက် ကိုယ်ခန္ဓာရောင်လာပြီဆိုရင် ဆေးနဲ့ အောက်လမ်းပညာနဲ့ ပြုစားခံနေရပြီလို့ပြောကြတယ်။အကယ်၍ လူများတွေကို ပြုစားလို့ မအောင်မြင် ဘူးဆိုရင် သူကိုယ်တိုင်ပြန်ခံ နေရပါတယ်လို့ ရွာသားတွေ ယုံကြည်နေကြတယ်။” လို့ပြောတယ်။

ရွာတွေမှာ တဦးတယောက်က ရုတ်တရက်သေဆုံးသွားရင် ရွာသူရွာသားအများစုဟာ အပြုစားခံရလို့ ဆုံးသွားရတယ်လို့ ပြောကြတယ်။

“ဘာကြောင့် ဒီလို ဖြစ်ရလဲဆိုတော့ ကျန်းမာရေးအသိပညာတွေနည်းပါးမှုကြောင့် တစ်ဦးနဲ့တစ်ဦး အထင်လွဲပြီး အမှုများနှင့် ရင်ဆိုင်ရ တဲ့အထိ ကြုံတွေ့နေရတယ် ”လို့ ဆေးမှူး တစ်ဦးကပြောပါတယ်။

ဒီလိုပြသာနာများ နည်းနိုင်သမျှနည်းအောင် ရွာတရွာခြင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ ဒေသအလိုက် ကျန်းမာရေးအသိပညာများ ဟော ပြောပေးခြင်း၊ သင်တန်း များပို့ ချပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေး ခြင်းများကို ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ( KSWDC ) က တဖက်တလမ်းကနေသွားရောက်ကူညီပံ့ပိုးပေးနေပါတယ်။

ကျေးလက်တောတောင်ဒေသမှာ အဖြစ်များလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ ၊အဆုတ်ရောင်ရောဂါများကို အများ စုကြုံတွေ့နေရတယ်။ ကုသဖို့ ဆေးဝါး များလည်း လုံလုံလောက်လောက်မရှိခြင်း၊ ဆေးရုံဆေးပေးခန်းများနှင့် ဝေးကွာနေခြင်းကြောင့် မဖြစ်သင့်မဖြစ်ထိုက်သော ပြဿနာများ တွေ့နေရပါတယ်။

ရွာသူရွာသားများက သူတို့ရဲ့ နေ့စဉ်လုပ်ကိုင် စားသောက်မှုများအတွက်နဲ့ ရုန်းကန်နေလို့ ဒီလူမှုကယ်ဆယ်ရေးအဖွဲ့က ပို့ချပေး တဲ့အ သက် မွေးဝမ်းကျောင်းများ နှင့် ကျန်းမာရေး အသိပညာများ ကိုလည်း စိတ်မဝင်စားကြပါဘူး။

“ဒီလိုအသိပညာနည်းရခြင်းဟာ ကျနော်တို့ဘက်ကလည်းအခက်ခဲတွေအများကြီးရှိနေပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိတာ က တကြောင်း၊ လုံခြုံရေးအတွက် စိုးရိမ်ရတာက တကြောင်း၊ ငွေကြေးမလုံလောက်မှု မရှိတာကတကြောင်း ဒါကြောင့် မျော်လင့်ထား သ လောက် မအောင်မြင်ခဲ့ဘူး” လို့ ကေအက်စ်ဒဗလျူ ဥက္ကဌ ခူးဖဲဘူးကပြောကြားသွားပါတယ်။

ဆူရယ်က တခြား လူတယောက်ယောက် ပြုစားထားတယ်လို့ တကယ်ယုံနေပါတယ်။“ ကျနော် ပြောရင်းပြောရင်းနဲ့ ကြောက်တောင် ကြောက်လာ ပြီ၊ ဘာကြောင့်လဲ ဆိုတော့ အခုကျနော် ရွာကိုပြန်ရမှာမို့ ကျနော် အရမ်းသတိထားပြီးနေထိုင်ရလိမ့်မယ် ” လို့ သူက ပြောရင်း ဆိုရင်းနဲ့အသံတောင် တုန်လာပါတယ်။

ဒီလိုပြုစားခံရတဲ့အကြောင်းကို သူတယောက်ထဲဘဲ ဒီအယူအဆကို ယုံကြည်တာမဟုတ်ဘူး ။

တစ်ရွာ လုံးလဲ ယုံကြည်ပြီး ကြောက်လန့်နေ ကြရပါတယ်။ကျန်းမာရေး ဆေးပေးခန်း၊ ဆေးရုံ များနှင့်ဝေးသောကြောင့် လည်း ကောင်း၊ လူမှု ကယ်ဆယ်ရေး အသင်း များလည်း အခက်အခဲမျိုးမျိုးကြောင့် ပြည့်ပြည့်၀၀ မကူနိုင်ခြင်း ၊ စသည့် အခြေနေ ကြောင့် ရောဂါများကို အောက်လမ်းနည်းနဲ့ ကုသဖို့အစွဲ မျိုး တွေ ရှိနေကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ဒီလိုအစွဲမျိုးတွေ မပျောက် သေးပါဘူး။

(ဆူရယ်ဟာ လုံခြုံရေးကြောင့် နာမည်အရင်း သုံးထားခြင်းမဟုတ်ပါ၊)


No comments: