NEJ / ၁၉ ဇွန် ၂၀၀၉
ဗဟို တရား ရုံးသို့ တင်သွင်း ထားသော ဒေါ်အောင်ဆန်း စုကြည် ဘက်မှ သက်သေ ထွက်ဆို ခွင့်ပြင်ဆင် မှု အယူခံ အတွက် နှစ် ဘက်ရှေ့ နေများ လျှောက်လဲချက် ပေးရန် ဇွန် (၂၄) ရက်ကို ရုံးချိန်း ပေးလိုက် ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေခေါ်ယူခွင့် ပြင်ဆင်ရေး လျှောက်လဲချက်ကို ဗဟိုတရားရုံးက ဇွန် (၁၇) ရက်တွင် ကြားနာခဲ့ပြီးနောက် နှစ်ဘက်ရှေ့နေများ လျှောက်လဲရက်ကို ယနေ့ ရုံးချိန်းထုတ်ပေးလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့် ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦးကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။
ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်မှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ဗဟိုတရားရုံးသို့ ထပ်မံ အယူခံတင်သွင်းထားခြင်းဖြစ်သည်။
No comments:
Post a Comment