Sunday, June 28, 2009

ခမရ ၅၃၇ မှ ဒုတပ်ရင်းမှူး ခြံစည်းရိုး ကာရံနေရာတွင် ရုတ်တရက်သေဆုံး

Narinjara News

မောင်အေး (နိရဉ္စရာ) မြန်မာ နိုင်ငံ အနောက် ဘက် နယ်စပ် တွင် ခြံစည်းရိုး ကာရံနေ သည့် ရသေ့တောင် အခြေစိုက် ခမရ ၅၃၇ မှ ဒု တပ် ရင်းမှူး မှာ ရုတ်တရက် သေဆုံး သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့် ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးကျော်သူရ ဖြစ်ပြီး အလိုလို နေရင်း သေဆုံးသွာခဲ့ခြင်း ဖြစ်သည်ဟု တောင်ပြိုမှ ၀န်ထမ်း တဦးက ပြောသည်။

သို့အတွက် ခြံစည်းရိုးကာရံနေသည့် ခမရ ၅၃၇ တပ်ရင်း တခုလုံးကို ၎င်းတို့ အခြေစိုက်ရာ ရသေ့တောင်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ပြီး ဒု တပ်ရင်းမှူး ရုတ်တရက် သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး တပ်ဖွဲ့ဝင်များကို စစ်ဆေး မေးမြန်းမူများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ၀န်ထမ်းက ယခုကဲ့သို့ ပြောသည်။

“ဒု တပ်ရင်းမှူး သေဆုံးသွားတာက ဇွန်လ ၂၀ နေ့ ညဥ့်မှာ ဖြစ်ပါတယ်။ နောက်တနေ့မှာ တပ်ရင်းတခုလုံးကို ခြံစည်းရိုး ကာရံနေတဲ့ နေရာကနေ ရသေ့တောင်ကို ခေါ်သွားခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ အဲဒီ တပ်ရင်းက ဘူးသီးတောင်ကို ရောက်ပါတယ်။ ဘူးသီးတောင် ဆေးရုံမှာဘဲ ဗိုလ်မှူး ကျော်သူရ အလောင်းကို ဆေးစစ်ပြီး သူ့အလောင်းကို သဂြိင်္ုလ်ကြတယ်လို့ သိရပါတယ်။ တပ်ကိုတော့ ဆက်ပြီး ရသေ့တောင်ကို ယူသွားခဲ့တယ်လို့ သိရပါတယ်။”

ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူရ သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး မည်သူမျှတိတိကျကျ မပြောနိုင်ဘဲ ဖြစ်နေပြီး ဆရာဝန်များ ဆေးစစ်ချက်ကိုလည်း အထက်အာဏာပိုင်များမှ အပ မည်သူမှ မသိရှိရကြောင်း အဆိုပါ ၀န်ထမ်းမှ ပြောသည်။

ယခုအခါ ခမရ ၅၃၇ ခြံစည်းရိုးကာရံရန် တာဝန်ကျနေသည့် တောင်ပြို(၀ဲ)သို့ အဆိုပါ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မိုးဟိန်းကိုယ်တိုင် ရောက်ရှိ နေပြီ ဒုတပ်ရင်းမှူး သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေသည်ဟု သိရသည်။

No comments: