Tuesday, April 13, 2010

နယ်ခြားစောင့်တပ် အဖြစ်ရောင်းစားသည့် ဈေးကွက်ရဲ့နောက်ကွယ်

မျိုး (သီရိဒေါ)

ဒေသတွင်းအလုပ်မဲ့ပြဿနာ သည် တုန်လှုပ်ခြောက်ခြားစေနိုင်ပါသည်။ ပြည်တွင်း ဘွဲ့ရပညာ တတ်များစွာ အတွက် အခက်ကြုံ နေဆဲဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘွဲ့ရပညာတတ်လူငယ်များ အလုပ်ရရှိရေးသည်ပင် စွမ်းဆောင်နိုင်ရန် မမျှော်လင့်နိုင်ပေ။ ထိုပုဒ်စာ များအတွက် အဖြေမှာ အပစ်ရပ်များ နဲ့ စစ်အစိုးရလိုလားသူများကို ကူညီပံ့ပိုးနိုင်မှသာလျှင်အလုပ်အကိုင် အခွင့်အလမ်းကို ရရှိမည်ဖြစ် ပါသည်။ ထိုသူများ မိမိအာဏာ တည်မြဲရေး နှင့် ကိုယ်ပိုင်စီးပွားရေး ချမ်းသာ ကြွယ်ဝရေးတို့ကို အစဉ် ကြိုးစား အားထုတ်ပြီး၊ နိုင်ငံရေး ဈေးကွက် များကိုဖန်းတီး လျက်ရှိနေပေသည်။

နိုင်ငံရေးဈေးကွက်များ ဖန်တီး ရာတွင် မိမိဈေးကွက် ကိုရေရှည်တည်တံခိုင်မြဲရေးအတွက် နည်းလမ်းများစွာ အသုံးပြုရာတွင် ကျေးရွာသူ-သားများ၊ မြို့နေလူတန်းစား များတို့အား အကြောက်တရားနှင့် သော်လည်းကောင်း၊ စီးပွားရေးမက်လုံးများကို ဖန်းတီးပေးခြင်းနှင့်လည်းကောင်း ထိန်းချုပ်နေဆဲဖြစ်ပါသည်။

မိမိချမ်းသာကြွယ်ဝရေးနှင့် စစ်အုပ်စုတို့သည် သူတို့၏နိုင်ငံရေးဈေးကွက်ကို နှစ်ပိုင်း ထိန်းချုပ်ကိုင်သွယ်ပါသည်။ စစ်အုပ်စုများသည် မြို့နေလူထုကို တည်မပြုနိုင်၊ ဥပဒေ ဟုပြောလို့ မရနိုင်သော ပါးစပ်တရားစီရင်ရေးနှင့် အုပ်ချုပ်ပါသည်။ စစ်ဗိုလ် ပါးစပ်မှထွက်သော စကားလုံးသည် ဥပဒေဖြစ်နေသည်။ ထိုစစ်ဗိုလ် အုပ်စုသည် လူသတ်မှုများစွာ၊ အစုလိုက်အပြုံ လိုက်လူသတ်မှုများ၊ နိုင်ငံတော်ဘဏ္ဍာနှင့် ကျွန်ုပ်တို့ ကရင်နီပြည်ပိုင် လောပိတ ရေအားလျှပ် စစ်စက်ရုံ၊ သဘာဝတွင်းထွက် သံယံဇတများကို လုယက်မှုများစွာအတွက် အများပြည်သူ ရှေ့ကြားနာသော တရားရုံးများတွင် အမှုရင်ဆိုင်ရပေမည်။ စစ်အုပ်စုသည် လျှပ်စစ်လိုအပ်ချက် များစွာထဲမှ လောပိတ ရေးအားလျှပ်စစ် စက်ရုံကို ပိုမိုအားထားနေကြောင်း အထင်အရှားဖြစ်ပါသည်။

ကိုယ့်ကျိုးရှာ အပစ်ရပ်ခေါင်းဆောင်များသည် ကျေးရွာ လူထုကို အကြောက်တရားနှင့်အုပ်ချုပ် ထိန်းသိမ်းထားသည်။ ကရင်နီ အပစ်ရပ် အဖွဲ့အစည်းများသည် နှစ်ပေါင်း(၃၀)ကျော်မျှ ဖြတ်သန်းရှင်သန်ပြီး၊ (၁၅)ကျော်ကာလသည် စစ်အစိုးရနဲ့အပစ်ရပ်ခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဟုသော စာတမ်းလှလှလေးကို ကိုင်စွဲ ထားသည်ကိုတွေ့နိုင်သည်။ သို့သော် ကိုယ်ကျိုးရှာဖြစ်စဉ်များနှင့်အတူ မိမိရဲဘော်၊ရဲဘက် မျိုးချစ်များစွာကို နိုင်ငံရေးဈေးကွက်တွင် ရောင်းစားခဲ့ပါသည်။

နယ်ခြားစောင့်တပ် အဖြစ် ဈေးကွက်သာဖြစ်ပါတော့သည်။ နယ်ခြားတပ်အဖြစ် သဘောတူခဲ့သော ခေါင်းဆောင်များအတွက် စီးပွားရေး လုပ်ပိုင်ခွင့်၊ ကားပါမစ်များ၊ သစ်ထုတ်လုပ်ခွင့်ပါမစ်၊ အိမ်ခြံမြေပိုင်ဆိုင်မှုနှင့် လူသတ်လိုင်စင်များ ပိုင်ဆိုင် ထားစေပါသည်။

ထိုကိုယ်ကျိုးရှာခေါင်းဆောင် များအတွက်ပြောနိုင်ပါသည်။ ကရင်နီအပစ်ရပ်တို့၏ မူဝါဒ ဥပဒေအရ သေဒဏ် ခံရပေမည်။ အမိကရင်နီပြည်သူ မိဘများစွာမှ မွေးဖွားသော တပ်ဖွဲ့ဝင်များစွာအတွက် (ကလလတ) အဖွဲ့ဝင်မှ ထွက်ပြေး နုတ်ထွက်ခဲ့လျင် ရက်စက်စွာ သတ်ဖြတ်ခံရပြီး သေဒဏ်အမှု ကိုခံရပေသည်။ အမိကရင်နီပြည် ပြည်သူ့အကျိုးနှင့် လူအခွင့်အရေးများစွာပျောက်ကွယ်ပြီး မိမိကရင်နီလူမျိုးများစွာကိုပင်လူမျိုးဖြုတ် သတ်ဖြတ်သည့် လူသတ်မှုများကိုကျူးလွန်ခဲ့သော ဖြစ်ရပ်များစွာက သက်သေရှိနေဆဲဖြစ်သည်။

ကရင်နီအပစ်ရပ်အဖွဲ့များတွင် မူဝါဒ ဥပဒေအရ ပြည်သူ့အကျိုး ဆောင်နှင်းရန်ဖြစ်ပြီး ပြည်သူ့၏ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးနဲ့ မိမိတပ်ဦးကို တလွဲအသုံးချခဲ့လျှင် အများပြည်သူ ဘုံကောင်းစားရေး ကွန်မြူနစ်မူဝါဒအရ သေဒဏ်များစွာကို အပစ်ရပ်ဖွဲ့တို့၏ စည်းကမ်းနှင့် ဖွဲ့စည်းမှုဥပဒေဆိုင်ရာ ပြဌာန်းရာတွင် ပါဝင်ထည့်သွင်း ထားပါ သည်။

ဆိုလိုရင်းသည် ဖြူစင်သန့်စင်သည့် ကရင်နီအများပြည်သူကောင်းစားရေးကို အခြေခံသော ကရင်နီအပစ်ရပ် အဖွဲ့တို့သည် ယခု ၂၀၀၉ -၂၀၁၀ ခှုနှစ်များအတွက် ကိုယ့်ကျိုးရှာခေါင်းဆောင်၏လုပ်ရပ်ကြောင့် တပ်ဖွဲ့ဝင်များကို နယ်ခြားစောင့်တပ် အသွင်အဖြစ် မိမိလုံခြုံရေးနှင့် အဖွဲ့အစည်းပိုင် ရန်ပုံငွေ၊ ဒေါ်လာ(၄)သန်းမှုရှိသော အဖွဲ့အစည်း ဘဏ္ဍာငွေများကို ကိုယ်ပိုင်သိမ်းပိုက်လိုက်ပါတော့သည်။

ဖြစ်ရပ်များစွာသည် အံမခန်းလောက်အောင်မြန်ဆန်နေပါသည်။ အများပြည်သူများစွာ၏ ရင်သွေး များစွာကို သတ်ဖြတ်ခဲ့သော လူသတ်မှုများအတွက် မည်သူတာဝန်ခံ မည်နည်းဟူ မေးခွန်း များစွာရှိနေပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာ ချမ်းသာမှုကို အစဉ်ထိန်းသိမ်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည့် လူသတ်တရားခံများကို ကရင်နီပြည်ရဲ့ ကယ်တင်ရှင် ပြောလို့မရနိုင်ပေ။ ကယားပြည်နယ်၏ ဥပဒေ ကိုမိမိစိတ်ကြိုက် ဖန်းတီးမှုသည် မဖြစ်နိုင်သော အိပ်မက်တစ်ခု ဖြစ်နေပေလိမ့်မည်။

ကျွန်ုပ်တို့၏ သာယာဝပြောသော ကယားပြည်နယ် လူ့ဘောင်အသိုင်းဝန်း တည်ဆောက်ရာတွင် တရားမျှသော၊ နားလည်းခံစားပေနိုင်မည့် စိတ်သဘောထားများစွာ ဖြစ်ထွန်းနိုင်ရန် လိုအပ်နေသော ဆေးဝါး ဖြစ်ပေသည်။ ထိုသို့ဆေးဝါးကို မှီဝဲသုံးစွဲရန် အချိန်အားဖြင့်လည်းကောင်း၊ အသက်ရွယ်နှင့် အသိဥာဏ်အားဖြင့်လည်းကောင်း၊ တရားမျှတသော စိတ်အဆင်အားဖြင့်လည်းကောင်း ကြိုးပမ်းပူပေါင်းဆောင်သင့်ရန် အကောင်းဆုံးကာလ ဖြစ်နေပေပြီ။ နားလည်ခံစားမှုကို ကိုယ့်ကျိုးရှာ ချမ်းသာ ကြွယ်ဝရေးအတွက် ဈေးကွက် အဖြစ်ရှု့မြင်ပြီး ပြည်သူနဲ့ မိမိလုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူ့သားသမီးများ ကို ရောင်းစားရန်မသင့်ပါကြောင်း။

No comments: