Monday, March 12, 2012

ပဒိုမန်းငြိမ်းမောင်ကို ချက်ချင်းလွှတ်ဖို့  ကျောင်းသားလူငယ်မဟာမိတ်တွေ တောင်းဆို

အေး​နိုင်

နိုင်ငံတော် ပုန်ကန် မှုနဲ့ တရားစွဲ ခံရတဲ့ ကေအန် ယူ ခေါင်းဆောင် ပဒို မန်း ငြိမ်း မောင်ကို ခြွင်းချက် မရှိ အမြန် လွှတ်ပေးဖို့ မြန်မာ နိုင်ငံ ကျောင်း သား လူငယ်များ ကွန်ယက်နဲ့ တိုင်းရင်း သား လူငယ်များ အင်အားစု တို့က ဒီနေ့ ပူးတွဲ တောင်းဆို လိုက်ပါ တယ်။

ပဒိုမန်းငြိမ်းမောင်ဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားမ၀င်အသင်းအဖွဲ့ ဆက် သွယ်တဲ့ အမှုတွေနဲ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ စစ် ဆေး ခံ နေရတာ ဖြစ်ပြီး မတ် ၁၃ ရက်နေ့ မှာ အမိန့်ချမှတ်ဖို့ ချိန်းဆို ထားပါတယ်။ အမှုတွဲတွေမှာ ပြစ်မှုထင်ရှား ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် နိုင်ငံ တော်ပုန်ကန်မှု အတွက် သေဒဏ် (သို့) တသက် တကျွန်း ကျခံရ ဖွယ်ရှိ နေပါတယ်။

အဲဒီ့ နှစ်ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဒီနေ့ကာလဟာ တိုင်းရင်းသား ညီအကို တွေအားလုံး အပြန် အလှန် ယုံကြည်မှု တည်ဆောက် နိုင် ရေးနဲ့ အမျိုး သားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းစစ် ပြဿနာနဲ့ နိုင်ငံရေး ပဋိပက္ခ္ခ တွေကို အဆုံး သတ်ရေး အတွက် ဦးစားပေး ဆောင် ရွက် ရ မယ့် အချိန်ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရကို တင်ပြထားပြီး ပဒိုမန်းငြိမ်းမောင် အပါအ၀င် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်ပြီး ထောင်ချထား သူတွေ ကိုပါ လွှတ်ပေးဖို့ တောင်းဆို ထားပါ တယ်။

ဒီပူးတွဲကြေညာချက်နဲ့ပတ်သက်လို့ ပြောခွင့်ရသူ နော်ဆန်းက ပြောပြပါတယ်။ “ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာ ယုံကြည်မှုတွေ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ် ဆိုရင် တိုင်းရင်းသား ခေါင်းဆောင် ပဒိုမန်းငြိမ်း မောင် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ အခု ထောင်ထဲမှာ ရောက်နေတဲ့ လူ တွေ၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးသင့်တယ် ဆိုတာကို အဓိက ပြောချင်တာပါ။ ယုံကြည်မှု တည်ဆောက် တဲ့ အခါမှာကျတော့ အခုလိုမျိုး တကယ့်ငြိမ်းချမ်းရေးကို လိုလား လုပ်ဆောင်နေတဲ့ ပဒိုမန်းငြိမ်းမောင်ကို ဒီလိုမျိုး မတရားတဲ့ အမှုတွေနဲ့ စီ ရင်ချက်ချမယ့် အပေါ်မှာလည်း ပြန်စဉ်းစားပြီးတော့ လွှတ်ပေးသင့်တယ် ဆိုတာကို အဓိက ပြောချင်တယ်။”

ဒီလိုလွှတ်ပေးလိုက်ခြင်းအားဖြင့် အစိုးရသစ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး စကားလုံးကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လုပ်ဆောင် ချက်တရပ် ဖြစ်လိမ့်မယ်လို့ သူတို့နှစ်ဖွဲ့ရဲ့ ပူးတွဲ ကြေညာချက်က ဆိုပါတယ်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်ဟာ အဖွဲ့၁၅ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး တိုင်းရင်းသားလူငယ်များအင်အားစုဟာ အဖွဲ့ ၁၃ဖွဲ့နဲ့ စု ဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်ပါတယ်။

No comments: