Sunday, December 23, 2012

နိုင်/ကျဉ်းဟု မသတ်မှတ်ပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ခက်မည်ဟု AAPP ပြော

နေမျိုး

နိုင်ငံတဝှန်း အကျဉ်းထောင်များထဲတွင် ကျခံနေရဆဲဖြစ်သည့် ဒီမိုကရေစီ နိုင်ငံရေး၊ လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့သူ ၂ဝဝ ကျော် အား အစိုးရမှ နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်ပါက ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအား နှောင့်နှေးစေ လိမ့်မည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြောဆိုလိုက်သည်။

“၂၁၈ ယောက် ကျန်သေးတာပေါ့။ ဒီမိုကရေစီရေး၊ လူမျိုးရေးအရ တန်းတူရေး အတွက် လုပ်ရင်းနဲ့ ထောင်ကျသွားတဲ့ လူတွေကိုတော့ နိုင်ငံ ရေး အကျဉ်းသားအဖြစ် သတ်မှတ်ရမှာပါ။ အစိုးရက နိုင်ငံရေး အကျဉ်းသားဆိုတာကို ဒီနေ့ အ ထိ လက်မခံဘူး။ ဒီလို အသိအမှတ် မပြုဘူး ဆိုရင် ရှေ့ဆက်မယ့် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ခရီးအတွက် နှောက် နှေး၊ အဟန့်အတားဖြစ်စေမယ့် ကိစ္စဖြစ်ပါ တယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့များနှင့် စာရင်း ညှိနှိုင်းပြီး လွှတ်ပေးရန် ကျန်ရှိသူများ စာရင်းကို အ စိုး ရ ထံ ထပ်တလဲလဲ တင်ပြနေကြောင်း ၎င်း က ဆက်ပြောသည်။

၎င်းတို့မှာ “ဖောက်ခွဲမှုနဲ့ စွပ်စွဲထားတဲ့လူတွေ၊ လက်နက်ကိုင်ဆောင်မှု၊ ၁၇/၁၊ ၁၇/၂ မတရားအ သင်းနဲ့ ဆက်သွယ်တဲ့ အမှု၊ နောက်တခါ မတ ရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲခံရသူတွေ၊ ၁၇/၁၊ ၁၇/၂ ကို နိုင်ငံရေးအမှု မ ဟုတ်ဘူးလို့ ပြောတာပေါ့။တချို့ကျတော့လည်းသူတို့ (အစိုးရ) ဘက်က သူပုန်လို့ ပြောတာပေါ့ဗျာ” ဟု ကိုတိတ်နိုင် က ပြော သည်။

ဒီမိုကရေစီအရေး ကြိုးပမ်း လုပ်ဆောင်နေချိန်တွင် တဘက်နှင့် တဘက် လေးစားအသိအမှတ် ပြုရန် အရေးကြီးပြီး ထိုမှသာ ယုံကြည်မှု တည် ဆောက်နိုင်မည်ဖြစ်ကြောင်း ကိုတိတ်နိုင်က ဆိုသည်။

နိုင်ငံရေး လှုပ်ရှားတက်ကြွသူများအား အစိုးရအဆက်ဆက်က ဖမ်းဆီးကာ စွပ်စွဲထောင်ချလေ့ ရှိသော ဥပဒေ၊ အမိန့်များအား ပြင်ဆင်၊ ပယ် ဖျက်ရေးအတွက်လည်း ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

No comments: