Monday, December 24, 2012

ကချင်တပ်နဲ့ မြန်မာတပ်အကြား တိုက်ပွဲနေ့တိုင်းလိုဖြစ်

ABC

ကချင်လွှတ်လပ်ရေးတပ် ​KIA ​တပ်မဟာ(၅) ​နယ်မြေဒေသတွေဖြစ်တဲ့ ​မြစ်ကြီးနားလိုင်ဇာလမ်းတလျောက်မှာ ​KIA ​တပ်ဖွဲ့တွေနဲ့ ​အစိုးရ စစ် ​ကြောင်းတွေကြား ​နေ့တိုင်းလိုလို ​တိုက်ပွဲတွေဖြစ်ပွားနေပြီး ​တိုက်ပွဲ တွေ ​ပြင်းထန်လာနေတယ်လို့ ​ကေအိုင်အေကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ​ဒီဇင်ဘာလ ​လဆန်း ​၁ရက်နေ့ကနေ ​တိုက်ပွဲတွေရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ​မနေ့က ​အချိန်အထိ ​တိုက်ပွဲတွေ ​ဖြစ်နေတယ်လို့ ​KIO ​ပြောရေးဆိုခွင့်ရှိသူ ​ဦးလနန်က ​အခုလိုပြောပါတယ်။

နေ့တိုင်းလိုလိုဖြစ်ပါတယ်၊ ​အခုဖြစ်တဲ့တိုက်ပွဲတွေကတော့ ​ဗဟိုနဲ့ ​နီးတဲ့ ​တ၀ိုက်မှာဖြစ်တာခင်ဗျ။ ​ဒီနေ့ဖြစ်တဲ့ ​နေရာကလည်း ကျနော်တို့ဗဟို ဒေသ ​တပ်မဟာ ​(၅) ​ဂွင်ပေါ့၊ ​၀ိုင်းမော်မြို့နယ်အတွင်းမှာတော့ ​ဒီနေ့ဖြစ်တယ်၊ ​အစိုးရစစ်တပ်နေ ပြီးတော့ ​ရဟတ်ယာဉ်၂စင်းနဲ့ ​လာပြီး တော့ ​ပစ်ခတ်တာမျိုးလုပ်တယ်၊ ​လက်နက်ကြီးတွေနဲ့ ​ပစ်ခတ်တယ်၊ ​နောက်ပြီးတော့ ​မြေပြင်မှာ လည်း ​ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။

ဒီရက်ပိုင်းအတွင်းမှာ ​မြစ်ကြီးနားဘက်ကနေ ​စစ်ယာဉ်တန်းတွေဝင်ရောက်လာတာတွေရှိပြီး ​အခုနောက်ပိုင်း ​တိုက်ပွဲတွေရက်ဆက်ဖြစ် လာ တာဟာ ​KIA ​ဌာနချုပ်တည်ရှိရာ ​လိုင်ဇာကိုထိန်းချုပ်နိုင်ဖို့ ​ကြိုးပမ်းမှုတရပ်အဖြစ် ​မြင်တယ်လို့ ​ဦးလနန်က ​ပြောပါတယ်။ ​အခုဖြစ် ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ ​အစိုးရဘက်က ​လက်နက်ကြီးတွေနဲ့ ​ပစ်ခတ်တိုက်ခိုက်တာများတယ်လို့ ​လည်း ​ဦးလနန်က ​ဆက်ပြောပါ တယ်။


သူတို့တော်တော်များများကတော့ ​လက်နက်ကြီးကို ​အဓိကထားပြီးတော့ ​ပစ်ခတ်တိုက်ခိုက်တာမျိုးလုပ်တယ်၊ ​အဲဒီလက်နက်ကြီးပစ်ခတ် တဲ့ နေရာမှာ ​မြစ်ကြီးနားမြို့နဲ့ ​၀ိုင်းမော်မြို့ကို ​လျှပ်စစ်မီးအားပေးနေတဲ့ ​မလိရေအား ​လျှပ်စစ်စက်ရုံအနီးတ၀ိုက်မှာလည်း ​လက်နက်ကြီး ကျည် တွေ ​လာကျတယ်ဆိုတဲ့ကိစ္စသတင်းတွေရတယ်ခင်ဗျ။ 

အစိုးရဘက်က ​၁၀၅မမ ​ဟောင်ဝပ်ဇာအမြောက် ​တွေ၊ ​၁၂၀ ​မမလက်နက်ကြီးတွေ ​၊ ​၈၁မမတွေကို ​အဓိကအသုံးပြုတာတွေရပြီး ​လေ ယာဉ် တွေ ​အသုံးပြုပြီး ​ပစ်ခတ်တဲ့နေရာမှာ ​ဒုံးကျည်နဲ့ ​စက်လတ်ကျည်တွေ ​အသုံးပြုပစ်ခတ်တာမျိုးရှိတယ်လို့ ​ဦးလနန်က ​ပြောပါတယ်။

အစိုးရဘက်က ​နောက်ထပ်ဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် ​ဒီဇင်ဘာ ​၁၃ရက်နေ့က ​စာတစောင်ပေးပို့ ​ခဲ့ပေမဲ့ ​လက်ရှိအခြေအနေမှာ ​က ချင် ပြည်နယ်မှာ ​တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် ​နှစ်ဘက်တွေ့ဆုံနိုင်ဖို့ ​နှောင့်နှေးလာနိုင်တယ်လို့ ​ဦးလနန်က ​ပြောခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း ​ဖြစ်ပွားနေတဲ့ ​စစ်တွေကြောင့် ​ဒေသခံတွေ ​ထွက်ပြေးတိမ်းရှောင်နေရပြီး ​စစ်ပြေးဒုက္ခသည် ​အယောက်ပေါင်း ​သောင်း နဲ့ချီ ​ရှိနေပြီး ​ကူညီကယ်ဆယ်ရေးတွေရဖို့ ​ခက်ခဲရှိနေတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်း ပေးပို့ခဲ့ပါတယ်။

No comments: