Monday, December 24, 2012

ကျောက်တော်မြို့တွင် အသားဈေးမြင့်တက်မှုကြောင့် စားသုံးသူများနှင့် ဈေးသူ/သားများအခက်တွေ့

မိုးဇော်

ရခိုင်ပြည် ကျောက်တော်မြို့တွင် စည်ပင်က ယခင်သတ်မှတ်ထားသော အသား ဈေးနှုန်း မှာ ဈေးမြင့်တက်သွားသောကြောင့် ဝယ်ယူစား သုံးသူများနှင့် ဈေးသူ/သားများမှာ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ယခုမြင့်တက်နေသော ဈေးနှုန်းကိုလျှော့ချပြီး ယခင်စည်ပင်က တရားဝင်သတ် မှတ်ထားသော ဈေးနှုန်းကိုထားပေးရန် လိုလားကြောင်း ဝယ်ယူစားသုံးသူများက ပြောသည်။

" ကျနော်တို့မြို့မှာ အမဲသား၊ ဆိတ်သားနဲ့ ဝက်သားတွေ ဈေးအရမ်းမြင့်တက်နေပါ တယ်။ အရင် တုန်းက စည်ပင်ကသတ်မှတ်ထားတာက တစ်ပိဿာကို ၄၀၀၀ ကျပ် ရှိပါတယ်။ အခု တစ်ပိဿာကို ၅၀၀၀ ကျပ် ဖြစ်သွားပါပြီ။ ဈေးသူ/သားတွေနဲ့ ကျ နော်တို့ ဝယ်ယူစားသုံးသူတွေကြားမှာ ပြဿနာရှိလာပါတယ်။ ဒါကြောင့် စည်ပင် ကနေပြီးတော့ အရင်သတ်မှတ်ထားတဲ့ ဈေးနှုန်းကိုထားပေးဖို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ဘူးဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာ နိုင်ပါတယ်။ " ဟု ကို အောင်မြင့်ကျော်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

ရခိုင်ပြည်သူများမှာ ဘင်္ဂလီများနှင့် ပြဿနာ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စီပွားရေးအဆင်မပြေကြသူများနှင့် ဒုက္ခရောက်နေကြသူများ ရှိနေ သည့်အတွက် အခုလိုအသားဈေးနှုန်းနှင့် တခြားကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ထိုသို့ဈေးနှုန်း များမြင့် တက် သွားခြင်းသည် ဆိုးဝါးသော အန္တရာယ်များဖြစ်လာနိုင်ကြောင်း ကိုအောင်မြင့်ကျော်က ဆက်လက်ပြောကြားခဲ့သည်။

No comments: