Saturday, December 22, 2012

နိုင်ငံရေးအစုအဖွဲ့အားလုံးပါဝင်တဲ့ ညီလာခံတရပ် ကျင်းပရန် ABSDFနှင့် UNA သဘော တူညီချက်ရရှိ

နန်းမြနဒီ

လာမယ့်နှစ်ကျရင် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအစုအဖွဲ့ အားလုံးပါဝင်တဲ့ ညီလာခံကြီး တရပ် ကျင်းပဖို့ ကျောင်းသားတပ်မတော်နဲ့ ပြည်တွင်းက တိုင်း ရင်းသားမဟာမိတ် အင်အားစုအကြား သဘောတူညီလိုက်ကြပါတယ်။

ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ ကျောင်းသားတပ်မတော် (အေဘီအက်စ်ဒီအက် ဖ်) ဥက္ကဋ္ဌ ဦးသံခဲဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ ယူ အန်အေလို့ လူသိ များတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင် တွေနဲ့ ဒီဇင်ဘာ ၂၀ နေ့က ရှမ်းတိုင်း ရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူကြတာ ဖြစ်ပါတယ်။

၁၉၈၈ မှာ ထူထောင်တဲ့ ကျောင်းသားတပ်မတော်အနေနဲ့ ပြည်တွင်းနိုင်ငံရေး ပါတီတွေနဲ့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ဒီသဘောတူညီချက်နဲ့ ပတ်သက်လို့ ကိုယ်တိုင်တက်ရောက် ဆွေးနွေးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦး စိုင်း လိတ် ပြောပြတာက

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဘယ်လို အခန်းကဏ္ဍကနေပါဝင်နိုင်ကြမလဲ။ ဖွဲ့ စည်းပုံအခြေခံဥပဒေပြုပြင်မယ်ဆိုရင် ဘယ် လိုပုံနဲ့ပြုပြင်မလဲ။ ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ရရှိဖို့ ဘယ်လိုစောင့်ကြည့်ကြမလဲ။ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီခွင့်ရရှိဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖော် ဆောင်မှ ဖြစ်မယ်၊ ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် ဘာ တွေပြင်ဆင်ထားဖို့ လိုမလဲ စသဖြင့် ဆွေးနွေးတယ်။”


“၂၀၁၃ ခုနှစ်ထဲမှာ နိုင်ငံရေးအစုအဖွဲ့အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးတခုလုပ်နိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းကြမယ်ဆိုတာကို မူအားဖြင့် သ ဘော တူညီချက်ရကြတယ်။”


၃ နာရ်ီကြာမြင့်တဲ့ ဒီဆွေးနွေးပွဲမှာ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသားဒေသက တိုက်ပွဲတွေ ရပ်စဲ ရေးနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ယူအန်အေ အဖွဲ့ဝင်ပါတီတွေ ဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုက ရေစီ ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်အမျိုးသားများဒီမိုကရေစီကွန်ဂရက်နဲ့ ကရင်အ မျိုးသား ဒီမိုကရေစီကွန်ဂရက် စတဲ့ တိုင်းရင်းသားပါတီက ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးတွေ တက်ရောက်ဆွေးနွေးကြပါ တယ်။

No comments: