Monday, December 24, 2012

ထားဝယ် စီမံကိန်း စိုင်းပြင်းမှုကြောင့် အိမ်ခြံမြေ အရောင်းအဝယ် ပြန်လှုပ်

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၂

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန်သို့ ဒီဇင်ဘာ လဆန်းပိုင်းက မြန်မာ-ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ လာရောက် ကြည့်ရှုပြီး နောက်ပိုင်း ဒေသတွင်း အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်များ ပြန်လှုပ်လာကြောင်း ထားဝယ်မြို့ အခြေစိုက် အိမ်ခြံမြေ အ ကျိုးဆောင်များက ဆိုသည်။

“နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆင်းကြည့် ကြတယ်။ အဲဒီနောက်ပိုင်း ထားဝယ်မြို့ သစ် မြေကွက်တွေ အရောင်းအဝယ် ပြန်လှုပ်လာတယ်။ မြို့အထွက် ကမျောကင်း လမ်းမ ညာ ဘက်ခြမ်းက မြေကွက်တွေ အရာင်းအဝယ် ပြန်လိုက် လာတယ်” ဟု စိုးသိန်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ စီမံခန့်ခွဲရေး ဒါရိုက်တာ ဦးစိုးသိန်း က ပြောသည်။

ထားဝယ် တိုးချဲ့မြို့သစ် မြေကွက်များမှာ ပေ ၄၀ × ၆၀၊ ပေ ၄၀ × ၈၀ နှင့် ပေ ၆၀ × ၈၀ များ ရှိပြီး ဂရံမြေကွက်နှင့် စလစ်မြေကွက်ဟူ၍ နှစ် မျိုး ရှိသည်။

“ထားဝယ်မြို့သစ်အထွက် ကမျောကင်း လမ်းမရဲ့ ဘယ်ဘက်မှာ ဝန်ကြီးအိမ်ယာတွေ ရှိနေတယ်။ သူနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့မြေကွက် တွေ ယာအိမ်ခြံမြေ အခွန်စနစ်သစ် ထွက်ပေါ်ပြီး နောက်ပိုင်း ဈေးကွက်အေးသွားသေးတယ်။ ၄ လလောက် ကြာသွားပြီး ဒီဇင်ဘာ လဆန်း ကမှ ဈေးကွက် ပြန်လှုပ်လာတယ်။ ဈေးနှုန်းတွေက ကျမသွားဘူး။ ပေ ၆၀ × ၈၀ တကွက် ကို ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်နဲ့ ပြန်အ ရောင်း အဝယ်ဖြစ်တာ တွေ့ရတယ်” ဟု ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေ ဝယ်ရောင်း ဦး ကျော်လွင် က ဆိုသည်။

ယင်းမြေကွက်များမှာ ၁၉၉၀ ခုနှစ်နောက်ပိုင်း လူနေထိုင်ရန် ချထားပေးခဲ့ပြီး ၂၀၁၀ ခုနှစ်မှ စတင်ကာရေနက်ဆိပ်ကမ်းပြုလုပ်မည့် သ တင်း များကြောင့် လိုက်လံဝယ်ယူမှုများ ရှိလာသည်။

“ဒီမြေကွက်တွေက ၂၀၁၀ လောက်က လမ်းမတန်းတွေဆိုရင် ကျပ် သိန်း ၁၀၀-၂၀၀ ဝန်းကျင် လောက်ရှိခဲ့တယ်။လမ်းသွယ်တွေဆိုရင် ကျပ် သိန်း ၄၀-၅၀လောက်ပဲရှိတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၂ နှစ်စပိုင်းတွေလောက်မှာ ထိုး တက်လာတယ်။ မြဝတီ၊ နေပြည်တော်၊ ရန် ကုန်နဲ့ တရုတ်ပြည်-ရွှေလီ ဘက်က မြန်မာစကား ပြောတက်တဲ့ တရုတ်တွေ ဆင်းဝယ်လာ တယ်။ ဈေးနှုန်းတွေလည်း ကျပ်သိန်း ၂,၀၀၀ လောက်အ ထိ ခုန်တက်ကုန်တယ်” ဟု ဦးစိုးသိန်း က ပြောသည်။

လက်တလောတွင် ပေ ၄၀ × ၈၀ မြေကွက် တကွက်လျှင် တိုးချဲ့မြို့သစ် အတွင်းလမ်းများ ဖြစ်သော ၄ လမ်းပေါ်တွင် ကျပ်သိန်း ၄၂၀၊ ၆ လမ်း ပေါ်တွင် ကျပ်သိန်း ၄၀၀၊ ၇ လမ်းပေါ်တွင် ကျပ်သိန်း ၃၉၀ ဝန်းကျင်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

No comments: