Sunday, December 23, 2012

မဒေးကျွန်းရှိဒေသခံများ ဆန္ဒထုတ်ဖော်ပြသမည်ကိုဆိုင်းငံ့ထား

ဇင်ကီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ဒေသခံများမှ ဒီဇင်ဘာ (၂၆) နေ့တွင် ဆန္ဒထုတ်ဖော်ပြသရန် ခွင့်ပြုချက်တင်ထားသော် လည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူညှိနှိုင်းချက်အရ တောင်းဆိုချက်များကို လိုက်လျှောပေးနိုင်ရန် ရက်(၂၀)ခန့် စောင့်ဆိုင်းထားခြင်း ဖြစ် ကြောင်း သိရသည်။

" ကျနော်တို့ကို ကျောက်ဖြူ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဒီဇင်ဘာ (၁၈)ရက်နေ့မှာခေါ်ပြီးပြောတယ်၊ တောင်းဆိုချက်တွေအပေါ်မှာ ဘယ်နေ့၊ ဘယ်ရက်မှ လုပ်မေးမယ်ဆိုတာကိုတော့ တိတိကျကျမပြောဘူး၊ စောင့်ဆိုင်းပေးရမယ့် အနေအ ထားမျိုးကို ပြောလာတဲ့အတွက် ကျနော်တို့က (၁၈)ရက်နေ့ကပင် ရက်(၂၀)ခန့်ထိ စောင့်ပေးထားတယ်၊ သတ်မှတ်ထားတဲ့ ရက်ထိ သူတို့ဘက်က အကြောင်းတစုံတရာ မပြောလာရင် ဆန္ဒ ထုတ်ဖော်ခွင့်ကို ထပ်တင်မယ်၊ ပြီးတော့ ဆန္ဒ ထုတ်ဖော်ပြသမယ်။ " ဟု ဒေ သခံတစ်ဦးက ပြောသည်။

" သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျှော်ရေး၊ မ ဒေးကျွန်း ဒေသဆိပ်ကမ်းမှ (ကျောက် တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိန်ဆည်) ဆက်သွယ်ရေး လမ်းကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေး ရေး၊ အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံ များ အလုပ်အကိုင်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိရေး၊ မဒေးကျွန်း လူနေ အိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ် မီးရရှိရေး၊ ဒေသခံများ လုံခြုံမှု ရှိစေရန် လူစိမ်းအလုပ်သမားများကို စီစစ်ဆေးဆောင်ရွက် ရေး၊ကျွန်းပတ်လည်ငါးဖမ်းကွက်များတွင်လွပ်လပ် စွာ ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း၊ မည်သည့်နေရာ ဒေသကိုမှ ကျွန်းသူ၊ ကျွန်းသားမသိဘဲသိမ်းယူလုပ်ကိုင် ခွင့်မပြုရ၊ လယ်ယာမြေအသစ် ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ် နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျှော် ကြေးပေးရေး "၊ မြဒေးကျွန်းဒေသခံများ ဆန္ဒထုတ်ဖော် ပြသ မည့် အချက်(၉)ချက်ဖြင့် ဆန္ဒဖော်ထုတ်ခွင့်ကို တင်ထားခဲ့ပြီး အ ဆိုပါ အချက်အလက်များကို မလိုက်လျောပါက CNPC တရုတ်ရေနံ ကမ္ပဏီ မဒေးကျွန်းဒေသတွင် အလိုမရှိ၊ CNPC ထွက်သွားဟု ကြွေး ကြော်သံလည်း ပါရှိသည်။

No comments: