Monday, December 24, 2012

Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ် မြောက်

ခိုင်ခိုင်

ယမန်နေ့ ဒီဇင်ဘာလ၂၃ ရက်နေ့မလေးရှားနိုင်ငံ၏မြို့တော် Kuala Lumpur တွင် မြန်မာနိုင်ငံသား (၆)ဦး ရောင်းစားခံရရာမှ (၄)ဦးပြန် လည်လွတ် မြောက် လာခဲ့ပြီး (၂)ဦးမှာအသတ်ခံခဲ့ရကြောင်း သိရှိရ သည်။

ရောင်းစားခံရသော မြန်မာနိုင်ငံသားများတွင်ရခိုင် (၂)ဦးနှင့်ဗမာ (၂)ဦးဖြစ်ပြီး အသတ်ခံရသူ၂ဦးမှာ ဗမာပြည်မှဖြစ်ကြောင်းသိရသည်။ ၄င်းတို့အားမြဝတီမှ ပွဲစားတစ်ဦးဖြစ်သူ ခိုင်မင်းညိုမှမဟာချိုင်တွင် အလုပ်လုပ်ရန်ပို့ပေးမည်ဟု ဆိုကာ မလေးရှားတွင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရောက်အမျိုးသားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်သူကိုမျိုးရခိုင်က " မနေ့ကသူတို့အကြောင်းကိုကြားတော့ ကျွန် တော်တို့သွားပြီး ကူညီပေးခဲ့ပါတယ်။သူတို့ကိုမြဝတီကပွဲစားကိုခိုင်မင်းညိုက မဟာချိုင်ကိုအ လုပ် လုပ်ဖို့ ပို့ပေးမယ်ဆိုပြီးခေါ်လာတယ် လို့ ပြောတယ်။သူတို့အားလုံးထိုင်း နိုင်ငံကို အောက်တိုဘာလပိုင်းစရောက်ပြီးတော့ အောက်တိုဘာ လ ၂၈ ရက် နေ့မှလှေစထွက်ရတယ်။ ပြီးတော့ဒီဇင်ဘာလ (၁၉) ရက်နေ့ကစပြီးသူတို့ ထွက်ပြေးကြတာလမ်းမှာ (၂)ရက်ကြာသွား တယ်။ အဲဒီမှာသူတို့(၆)ယောက်ထဲက ကိုကု လားလေးနဲ့ ကိုရှမ်းကလေးက အသတ်ခံရပြီးတော့ ကိုရှမ်းကလေးက မသေသေးပဲရေထဲမှာ ကူးနေ တာကိုပန်ကာနဲ့ သူ တို့ကတိုက်သတ် ပစ်လိုက်တယ်။ ကျန်တဲ့သူတို့ ၄ ယောက်ကထွက်ပြေး လွတ်မြောက်လာကြတယ်။ " ဟုပြောသည်။

ယခုလွတ်မြောက်လာသူများမှာရခိုင်ပြည်၊မြေပုံမြို့နယ်၊ကြက်ချေကျွန်းမှအဖဦးဗိုလ်ကျော်၏သားမောင်ဗိုလ်သန်းအသက် (၂၅)နှစ်၊ မင်း ပြားမြို့နယ် အောက်ရွာမှအဖဦးညို၊ အမိဒေါ်စံနုတို့ရဲ့သားမောင်မောင်သန်းအသက် (၃၄)နှစ်၊မြဝတီ၊ကော့ကရိတ်ကမောင်မျိုးခိုင်ဦးအ သက် (၁၉)နှစ် နဲ့ရန်ကုန်မြို့ကမောင်သိန်းလှိုင်အသက် (၂၃) နှစ်တို့ဖြစ်ကြောင်းသိရှိရသည်။

မလေးရှားနိုင်ငံ၊ Kuala Lumpur တွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း အလုပ် လုပ်ရန်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့်မလေးရှား၊ စင်္ကာပူ ထိုင်း အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေ ရန်ထွက်ခွာ မှုများပြားနေသည်။ ထိုနေရာများတွင်အလုပ်ကြမ်းများကို မတရားအခိုင်းခံရခြင်း၊ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်းနှင့်အထူးသ ဖြင့် အမျိုးသမီး ငယ် လေးများသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် အရောင်းစားပိုမိုခံနေရကြောင်း သိရသည်။

No comments: