Monday, December 24, 2012

ဆရာကြီး ဦးမောင်ဗသိန်းကို ရက္ခိတ မျိုးစောင့်ဆု ချီးမြှင့်

နိရဉ္စရာ

စစ်တွေမြို့မှ ရခိုင် စာရေးဆရာကြီး၊ သမိုင်းသုတေသီ ဆရာကြီး ဦးမောင်ဗသိန်းအား ဂျပန် အခြေ စိုက် ရက္ခိ မျိုးစောင့်အုပ်စုမှ ၂၀၁၂ ခုနှစ် အ တွက် ‘ရက္ခိတ မျိုးစောင့်ဆု’ ကို ချီးမြှင့်လိုက်သည်ဟု သိရသည်။

ဆရာကြီးအား ရက္ခိမျိုးစောင့်ဆု ပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး ဆုပေးရသော အကြောင်းအရင်းကို ဆုပေးအပ်သည့် ဂုဏ်ပြုလွှာတွင် အချက် (၅) ချက်ဖြင့် ဖေါ်ပြထားသည်။

ဆရာကြီး ဦးမောင်ဗသိန်းအား ဆုချီးမြှင့်သည့် အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သော နှစ် (၂၂၈) နှစ် မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့တွင် စစ်တွေမြို့တွင် အခမ်းအနားဖြင့် ချီးမြှင့်သွားမည်ဟု သိရသည်။

ဆရာကြီး မောင်ဗသိန်းသည် ဆုကြေးငွေ အဖြစ် အမေရိကန် ဒေါ်လာ (၁၀၀၀) ရရှိမည် ဖြစ်သည်။

ဂျပန် အခြေစိုက် ရက္ခိတ မျိုးစောင့်အုပ်စုမှ ယခု ဆုချီးမြှင့်မူမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမ အကြိမ် ဆုချီးမြှင့်မူကို ၂၀၁၁ ခုနှစ်က ရမ္မာဝတီ အရှင် ပညာစာရအား ပေးအပ်ခဲ့သည်။

No comments: