သျှမ်းသံတော်ဆင့်
၂၅ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည် မြောက်ပိုင်း) က အခမ်းအနားကျင်းပရာ တက်ရောက်သူ စုစုပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့၌ ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။
၎င်းအခမ်းအနားသို့ လိုင်ဇာဒေသခံ ပြည်သူများ ၊ KIO မှ ကိုယ်စားလှယ်များ ၊ အမျိုးသမီးရေးရာအဖွဲ့ ကိုယ်စားလှယ်များ နှင့် အခြားလက်နက်ကိုင် တပ်ဖွဲ့များမှ ဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့သည် ။
၈ လေးလုံး အထိမ်းအမှတ်အခမ်းအနားကို မြန်မာပြည်တွင်း အနှံ့အပြားတွင် ယခုနှစ် ပထမဆုံးအကြိမ် အဖြစ်ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရခဲ့သည်ဟုဆိုသော်လည်း တချို့မြို့နယ်များတွင်လည်း မြို့နယ် အာဏာပိုင်များမှ ကျင်းပခွင့်တားမြစ်ခြင်း၊ အထိမ်းအမှတ်ပိုစတာများ ဖျက်ဆီးခြင်း၊ အနှောင့်အယှက် ပေးခြင်းများလည်းရှိခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီအသိုင်းအဝိုင်းထံမှ သိရပါသည်။

No comments:
Post a Comment