ABC
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သြဂုတ်လ ၅ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၄ချက်ပါတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို အစိုးရကိုယ်စားလှယ်ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ABSDF ဘက်က ဥက္ကဌ ဦးသံခဲဦးဆောင်တဲ့ ABSDF တောင်ပိုင်း၊ အနောက် ပိုင်းနဲ့ မြောက်ပိုင်း ကိုယ်စားလှယ်တွေ တက် ရောက်ခဲ့ကြ ပါတယ်။
ပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲရေးအချက် ၄ချက်ကို သဘောတူလက်မှတ်ရေးထိုး ခဲ့တာလို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က အခုလို ပြောပါတယ်။
အဓိကတော့ အချက် ၄ ချက်ပါခင်ဗျ၊ ဒီနေ့ သြဂုတ်လ ၅ရက်နေ့ကနေစပြီးတော့ နှစ်ဘက်တပ်တွေ အပစ်အ ခတ်ရပ်စဲဖို့ ၊ တပ်ရွေ့ပြောင်းဖို့ ကိစ္စတွေ၊ မြ၀တီမြို့မှာ လက်နက်မပါပဲနဲ့ ဆက်သွယ်ရေး စခန်းဖွင့်လှစ်ဖို့အတွက် သဘောတူညီတာဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် သြဂုတ်လ၁၀ရက်နေ့မှာ ပြည်ထောင်စုအဆင့် ဆွေး နွေးပွဲပြုလုပ်ဖို့ ရှိပြီး ABSDF ကျောင်းသား တပ်မတော်ကနေ တောင်းဆိုထားတဲ့ အချက် ၁၂ ချက်ကို ဆွေးနွေးဖို့ရှိတယ်လို့ ဦးညိုအုန်းမြင့်က အခုလိုဆက်ပြောပါတယ်။
ဒီ ၁၀ရက်နေ့မှာ ABSDF နဲ့ ပြည်ထောင်စုအဆင့်ပေါ့ သမ္မတကြီးရဲ့သဘောပါတဲ့ အဖွဲ့ကနေပြီးတော့ ဆွေးနွေး မှာဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့် တပ်တွေရဲ့ ရပ်တည်မှုနဲ့ တပ်တွေရဲ့ အနေအထား၊ တဘက်နဲ့ တဘက် အပစ်အခတ်ရပ်စဲ ယုံတင်မဟုတ်ပါဘူး၊ နှစ်ဘက်တပ်တွေ လိုက်နာရမဲ့ အစီအစဉ်တွေ၊ နောက်တခုကတော့ ဒေသဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တွေက မြန်မာပြည်တွင်းမှာ ရှိသွားတဲ့အတွက်ကြောင့် နှစ်ဘက်အပစ် အခတ်ရပ်စဲရေးဟာ ပိုပြီးတော့ ခိုင်မာတည်ငြိမ်တဲ့ အနေအထား တခုကို ရောက်ဖို့အတွက် ကြိုးစားတာဖြစ်ပါတယ်။
ABSDF အဖွဲ့ဟာ ၁၉၈၈ ခုနှစ် သြဂုတ်လမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ကျောင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၈လေးလုံး ငွေရတုအခမ်းအနား မတိုင်ခင် သုံးရက်အလိုမှာ မြန်မာအစိုးရနဲ့ သမိုင်းဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ယူတဲ့အဖွဲ့ဖြစ်ကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment