Saturday, August 10, 2013

ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်

ABC

ထိုင်းနိုင်ငံ ​တောင်ပိုင်း ​ဖန်င ​ခရိုင်အတွင်းက ​လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းခံရထားရတဲ့ ​ရိုဟင်ဂျာ ​တွေက ​သူ့ရဲ့ ​ရာမန်ဒန် ​ဦးပုဒ်ကာလအပြီး ​ကျင်းပတဲ့ ​အစ်ပွဲတော်ကို ​ကျင်းပ ​ပြုလုပ်နိုင်ဖို့အတွက် ​ထိန်းသိမ်းရေးစခန်းကို ​ဖျက်စီးပြီး ​အပြင်ထွက်ဖို့ ​ကြိုးစားတဲ့အတွက်ကြောင့် ​ထိုင်း ​ရဲတွေက ​မီးသတ်ပိုက်တွေသုံးပြီးကာကွယ် ​နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။

လူပေါင်း ​၂၆၀ ​ကျော်လောက်ရှိတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာတွေဟာ ​အခန်းနှစ်ခန်းက ​သော့ကို ​ဖျက်စီးခဲ့ပြီး ​ထိန်းသိမ်းရေးစခန်းရဲ့ ​အရှေ့တံခါးပေါက်ကကို ​တိုးဖောက်နိုင်ဖို့ကြိုးစားခဲ့ကြတယ်လို့ ​ရဲတွေကပြောပါတယ်။

ဒါပေမယ့် ​ရဲအာဏာပိုင်တွေက ​မြေညီထပ်ပိတ်ချလိုက်နိုင်ပြီး ​ရိုဟင်ဂျာတွေနဲ့ ​ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တဲ့ ​အကြောင်း၊ ​ဒါပေမယ့် ​ရိုဟင်ဂျာတွေက ​အခန်းထဲပြန်ဖို့ ​ငြင်းဆိုခဲ့ပြီး ​အပြင်ထွက်နိုင်ဖို့ ​ကြိုးစားခဲ့တဲ့အကြောင်း၊ ​အဲဒါကြောင့် ​သူတို့ကို ​အပြင်ထွက်လို့မရအောင်တားဆီးကာကွယ်တဲ့အနေနဲ့ ​မီးသတ်ပိုက်တွေသုံးပြီး ​နှိမ်နှင်းခဲ့ရတယ်လို့ ​ဖန်ငခရိုင် ​ရဲအရာရှိတစ်ဦးကပြောပါတယ်။

ရဲတွေက ​ရိုဟင်ဂျာတွေကို ​ငါးယောက်တတွဲ ​အပြင်ထွက်ခွင့်ပြုဖို့ခဲ့ပေမယ့် ​ရိုဟင်ဂျာတွေက ​အုပ်စုလိုက် ​ထွက်ချင်တဲ့အတွက် ​အခုလို ​အခြေအနေတင်းမာမှုမျိုးတွေဖြစ်ခဲ့ရတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​လက်ရှိအနေနဲ့ ​ထိန်းသိမ်းရေးစခန်း ​ဖျက်ဆီးထိုးဖောက်တဲ့ ​အထဲမှာ ​ပါဝင်တဲ့သူတွေကိုတော့ ​ရဲစခန်း ​ကိုပို့ဆောင် ​ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ခိုလုံခွင့် ​တောင်းခံဖို့အတွက် ​ထိုင်းနိုင်ငံအတွင်းမှာ ​လှေတွေနဲ့ ​ရောက်လာပြီး ​ထိုင်းအာဏာပိုင်တွေ ​ထိန်းသိမ်းခံရတဲ့ ​ရိုဟင်ဂျာတွေ ​အမြောက်အများရှိနေတယ်လို့သိရပါတယ်။

No comments: