Wednesday, August 21, 2013

ပုံနှိပ်နှင့် ထုတ်ဝေဥပဒေကြမ်းနဲ့ မီဒီယာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တင်သွင်း

ABC

ကန့်ကွက်မှုတွေ ​ရှိနေတဲ့ကြားကပဲ ​ပြည်သူ့လွှတ်တော်ကနေ ​အတည်ပြုလိုက်တဲ့ ​ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်းဥပဒေကြမ်းကို ​အမျိုးသားလွတ်တော် ​ဥပဒေကြမ်းကော်မတီက ​အချက်အလက်တချို့ကို ​ပြင်ဆင်ခဲ့ပြီးနောက် ​အမျိုးသားလွတ်တော်ကို ​တင်သွင်းလိုက်ပြီလို့ ​သိရပါတယ်။

ပြန်ကြားရေး ​၀န်ကြီးဌာနက ​ရေးဆွဲထားတဲ့ ​ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်း ​ဥပဒေကြမ်းမှာ ​သတင်းနဲ့ ​စာနယ်ဇင်း ​လွတ်လပ်ခွင့်ကို ​ထိန်းချုပ်တဲ့ ​အချက်အလက်တွေ ​ပါဝင်နေတယ်ဆိုပြီး ​မြန်မာ ​စာနယ်ဇင်း ​ကောင်စီ ​ယာယီအဖွဲ့ကနေ ​ကန့်ကွက်ခဲ့တာဖြစ်ပေမယ့် ​အဲဒီ ​ဥပဒေကြမ်းကို ​နေပြည်တော်မှာ ​ကျင်းပတဲ့ ​ပြည်သူ့လွတ်တော်က ​ဇူလိုင်လ ​၄ရက်နေ့မှာ ​ကန့်ကွက်မဲမရှိ ​အတည်ပြုခဲ့ကြပြီး ​ခုတခါ ​အမျိုးသားလွှတ်တော်ကို ​တဆင့်ထပ်မံ ​အတည်ပြုဖို့ ​တင်ပြတာဖြစ်တယ်လို့ ​အမျိုးသား ​လွတ်တော် ​ဥပဒေကြမ်း ​ကော်မတီဝင် ​အမျိုးသား ​လွတ်တာ် ​ကိုယ်စားလှယ် ​ဦးအောင်ကြည်ညွန့်က ​ပြောပါတယ်။

ပြည်သူ့လွတ်တော်ကနေ ​အတည်ပြုပြီးပို့လိုက်တဲ့ဥပဒေကြမ်းကို ​ကျနော်တို့ ​အမျိုးသားလွတ်တော် ​ဥပဒေကြမ်းက ​၀န်ကြီးဌာနနဲ့လည်းတွေ့ပြီးတော့ ​ပြောပါတယ်၊ ​အဲလိုပဲ ​စာနယ်ဇင်း ​ကောင်စီယာယီနဲ့လည်း ​ကျနော် ​တို့တွေ့ပြီး ​အကောင်းဆုံးနဲ့ ​အဖြစ်နိုင်ဆုံး ​အမျှတဆုံးဖြစ်တဲ့ ​ဥပဒေကိုကျနော်တို့ ​လေ့လာပြီးတော့ ​နဂိုပြဌာန်း ​ထားတဲ့ဥပဒေထဲက ​ဖြုတ်ပယ်စရာရှိတာကိုလည်း ​ဖြုတ်ပယ်လိုက်တယ်၊ ​ပြင်ဆင် ​သင့်တာတွေလည်း ​ပြင်ဆင်လိုက်တယ်၊ ​အဲလိုပြင်ဆင်ထားတယ်ဆိုတဲ့အချက်ကို ​ဒီနေ့ ​အမျိုးသားလွတ်တော်ကို ​အစီရင်ခံစာ ​တင်တယ်။ 

ဥပဒေကြမ်းထဲမှာ ​အဓိပါယ်ဖွင့်ဆိုချက်တွေ၊ ​အခန်း ​၂မှာပါတဲ့ ​ရည်ရွယ် ​ချက်တွေ ​အတော်များများ ​ပြင်ဆင်လိုက်တာတွေ ​ပယ်ဖျက်လိုက်တာတွေလည်း ​ရှိသလို ​အကြမ်းဖျဉ်းအားဖြင့် ​ဥပဒေအချက်အလက် ​၁၈ ​ခုလောက် ​ပြင်ဆင်ထားတယ်လို့ ​ဦးအောင်ကြည်ညွန့်က ​ပြောပါတယ်။

အခုလိုပြင်ဆင်ထားတဲ့ ​ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ​ပြင်သင့်တာတွေပြင်၊ ​ဖြည့်သင့်တာတွေဖြည့်နိုင်ဖို့အတွက် ​၀င်ရောက်ဆွေးနွေးကြမဲ့ ​အမျိုးသား ​လွတ်တော် ​ကိုယ်စားလှယ်တွေ ​အနေနဲ့ ​သြဂုတ်လ ​၂၂ရက်နေ့ ​နောက်ဆုံး ​ထားပြီး ​စာရင်း ​ပေးသွင်းရမှာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ​စာနယ်ဇင်းကောင်စီ ​ယာယီအဖွဲ့ကြား ​အငြင်းပွားနေကြတဲ့ ​သတင်းမီဒီယာ ​ဥပဒေကြမ်းကိုလည်း ​အမတ်တစ်ဦးကနေ ​လွှတ်တော်ကို ​တင်သွင်းပေးလိုက်ပြီဆိုတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။



သတင်းမီဒီယာဥပဒေကြမ်းကိုလည်း ​လွှတ်တော်မှာ ​တင်သွင်းပြီ


ပြန်ကြားရေး ​၀န်ကြီးဌာနနဲ့ ​စာနယ်ဇင်းကောင်စီတို့အကြား ​အငြင်းပွားမှုတွေရှိနေတဲ့ ​သတင်းမီဒီယာ ​ဥပဒေ ​မူကြမ်းကို ​အမျိုးသားလွှတ်တော် ​ကိုယ်စားလှယ် ​ဦးဖုန်းမြင့်အောင် ​က ​ကိုယ်စားပြုပြီး ​အမျိုးသားလွှတ်တော်မှာ ​သြဂုတ်လ ​၁၉ ​ရက်နေ့က ​တင်ပြလိုက်ပြီးဖြစ်တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ ​နဲ့ပြန်ကြားရေး ​တွေ့အပြီးမှာ ​သူတို့ ​နဲ့ ​ညှိုနှိုးမှုတွေ ​လုပ်ပါတယ်တဲ့။ ​ပထမ ​ကွဲလွဲနေတဲ့ ​၁၇ ​ချက်ထဲ ​မှာ ​၁၄ ​ချက်က ​ညှိုလို့ ​ရပြီး ​ကျန်တဲ့ ​၃ ​ချက်က ​ညှိုလို့မရဘူးလို့ ​ပြောပါတယ်။ ​အဲဒီညှိုလို့ ​မ၇တဲ့ ​၃ချက် ​အပါ ​ဥပဒေကြမ်းကို ​ကျနော်ကို ​ပေတဲ့ ​အတွက် ​ကျနော်ဒီနေ့မှာ ​ဒီဥပဒေကြမ်းကို ​လွှတ်တော်ဆင်လိုက်ပါပြီ။

ပြန်ကြားရေး ​၀န်ကြီးဌာနက ​လွှတ်တော် ​ကို ​တင်ပြမယ်ဆိုပြီး ​သဘောတူခဲ့ပေမဲ့ ​မတင်ပြနိုင်ဖြစ်သွားရတာဟာ ​-- ​ပြန်ကြားရေးဝန်ကြီးဌာနက ​သတင်းမီဒီယာ ​ဥပဒေကြမ်းကို ​ပြင်ဖို့ ​၁၇ ​ချက် ​အပေါ်မှာ ​စာနယ်ဇင်းကောင်စီ ​နဲ့ ​သဘောထား ​ကွဲလွဲမှုတွေ ​ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ​ဦးအောင်ကြည်နဲ့ ​စာနယ်ဇင်းကောင်စီ ​က ​၁၇ ​ချက်ထဲ ​က ​၁၄ ​ချက်ကို ​ညှိုနှိုင်းလို့ရခဲ့ပြီး ​ပြန်ကြားရေး ​၀န်ကြီးဌာန ​ဆီမှာ ​မီဒီယာ ​လုပ်ငန်းလုပ်ကိုင်မယ် ​ဆိုရင် ​မှတ်ပုံတင် ​ရမယ်ဆိုတဲ့ ​အချက် ​ကိုတော့ ​သဘောတူညီမှု ​မရခဲ့ဘူးလို့ ​ဦးဖုန်းမြင့်အောင်ကပြောပါတယ်။

စာနယ်ဇင်းကောင်စီနဲ့ ​ပြန်ကြားရေးဝန်ကြီးဌာနတို့ ​အကြား ​သတင်းမီဒီယာ ​ဥပဒေနဲ့ ​ပတ်သက်ပြီး ​အခြအနေတွေ ​တင်းမာခဲ့ချိန်မှာ ​ပြန်ကြားရေး ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​လွှတ်တော် ​ကိုယ်စားလှဝ် ​တစ်ဦးဦးကသာ ​ဒီဥပဒေကိုတင်ပြလာမယ်ဆိုရင် ​အဆုံးထိကန့်ကွက်မယ်ဆိုပြီးတော့ ​လည်း ​ပြောထားပါတယ်။

အခုလို ​၁၄ချက်အထိ ​ညှိုနှိုင်းနိုင်ခဲ့ပြီး ​ကျန်နေတဲ့ ​အချက် ​၃ ​ချက်ကတော့ ​လွှတ်တော် ​သဘောထား ​ကို ​ခံယူမှာ ​ဖြစ်တယ်လို့ ​ပြန်ကြားရေးဝန်ကြီး ​ဦးရဲထွဋ်ကပြောပါတယ်။

သောကြာနေ့တော့ ​နဂိုတုန်းက ​သဘောထားကွဲလွဲနေတဲ့ ​၁၇ ​ချက်ကို ​တွေ့ဆုံ ​ညှိုနှိုင်းခဲ့ပါတယ်။ ​အဲဒီမှာ ​၁၇ ​ချက်ထဲမှာ ​၁၄ ​ချက်ကိုတော့ ​ကျနော်တို့ ​ညှိုလို့ ​ရခဲ့တယ်။ ​ပြင်စရာရှိတာပြင်ဖို့ ​သဘောတူလိုက်တာပေါ့။ ​သူတို့ ​သဘောတူတဲ့ ​အတိုင်းပြင်စရာရှိတာ ​ပြန်ပြင်ပြီးဆင်တယ်ပေါ့။ ​၃ ​ချက်ကျန်တယ်။ ​ဒါကတော့ ​နောက်မှာပဲ ​လွှတ်တော်က ​မေးတဲ့ ​အခါ ​သူသဘေထား၊ ​ကိုယ်သဘောထားပြောပြီး ​လွှတ်တော် ​ရဲ့ ​အဆုံးအဖြစ်ခံတာပေါ့ဗျာ။

သတင်းမီဒီယာ ​ဥပဒေမူကြမ်းကိစ္စ ​အပြင် ​ပြန်ကြားရေးနဲ့စာနယ်ဇင်းကောင်စီ ​တို့ ​အကြားမှာ ​ပြန်ကြားရေးက ​ရေးဆွဲတဲ့ ​ပုံနှိပ်ရေးနဲ့ထုတ်ဝေရေး ​ဥပဒေကြမ်း ​အပေါ်မှာလည်း ​သဘောထားကွဲလွဲ ​မှုတွေ ​ရှိနေတာ ​ဖြစ်တဲ့ ​အကြောင်းရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော် ​က ​သတင်းပေးပို့ထားပါတယ်။

No comments: