Thursday, August 15, 2013

အခြေခံမြှင့်တင်ရေး မြန်မာသမ္မတ နဲ့ဂျပန်ဝန်ကြီးတို့ဆွေးနွေး

ABC

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ​ဂျပန်နိုင်ငံက ​မြေယာ၊ ​အခြေခံအဆောက်အဦး၊ ​ပို့ဆောင်ရေးနဲ့ ​ခရီးသွားလာရေးဝန်ကြီး ​Mr. ​Akihiro ​Ohta ​နဲ့ ​သမ္မတဦးသိန်စိန်တို့တွေ့ဆုံခဲ့ပြီး ​မြန်မာနိုင်ငံရဲ့ ​အခြေခံအဆောက်အဦး ​တိုးတက်မြှင့်တင်ရေးအတွက် ​အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

အဲဒီထဲမှာ ​သီလ၀ါ ​အထူးစီးပွားရေဇုန် ​စီမံကိန်းလုပ်ငန်း၊ ​လေယာဉ်ကွင်းနဲ့ ​မီးရထားဝန်ဆောင်မှု ​လုပ်ငန်းတွေ၊ ​လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး ​လုပ်ငန်း၊ ​သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ​ခရီးသွားလုပ်ငန်း၊ ​သဘာဝဘေးကာကွယ်ရေး ​လုပ်ငန်းတွေပါဝင်ပါတယ်။ ​ပြီးခဲ့တဲ့ ​စနေနေ့ကပဲ ​မန္တလေးနိုင်ငံတကာလေဆိပ်ကို ​ပြုပြင်မွန်းမံဖို့အတွက် ​ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ​Mitsubishi ​ကုမ္ပဏီ ​နဲ့ ​ဂျပန် ​လေကြောင်းလိုင်း ​ကုမ္ပဏီတို့က ​ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံပွဲအတွင်း ​ထားဝယ်အထူး ​စီးပွားရေးဇုန် ​စီမံကိန်းမှာ ​ဂျပန်နိုင်ငံက ​စီးပွားရေးလုပ်ငန်းရှင်တွေ ​ပူးပေါင်းပါဝင်လာမှာကို ​သိရတဲ့အတွက် ​ဝမ်းမြောက်မိတဲ့အကြောင်းနဲ့ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှု ​လုပ်ငန်းစဉ်တွေကို ​အားပေးခဲ့တာတွေ၊ ​ငွေကြေးနဲ့ ​နည်းပညာအကူအညီတွေအတွက် ​ကျေးဇူးတင်ကြောင်းလည်း ​သမ္မတ ​ဦးသိန်းစိန်ကပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​ဘီလီယံ ​၅၀ ​ကုန်ကျမှာဖြစ်ပြီးတော့ ​မြန်မာအစိုးရနဲ့ ​ထိုင်းနိုင်ငံအခြေစိုက် ​အီတာလျံ-ထိုင်း ​ကုမ္ပဏီတို့ ​စတင်အကောင်အထည် ​ဖော်ဖို့ ​ကြိုးစားကြတာဖြစ်ပါတယ်။ ​ဒါပေမယ့် ​ငွေရေးကြေးရေး ​အခက်အခဲတွေကြောင့် ​ဂျပန်နိုင်ငံကို ​စီမံကိန်းမှာ ​ပါဝင်ဖို့ ​ဖိတ်ခေါ်ခဲ့ကြပြီး ​အစပိုင်းမှာပါဝင်ဖို့ ​ဂျပန်နိုင်ငံကငြင်းဆိုခဲ့ပေမယ့် ​ခုအခါမှာ ​ပူးပေါင်းပါဝင်ဖို့ ​သဘောတူခဲ့တာဖြစ်ကြောင်း ​သိရပါတယ်။

No comments: