Wednesday, August 7, 2013

လက်ပံတောင်းဒေသလှုပ်ရှားသူ ဝင်ရှာရင်း သေနတ်ဖောက်မှုဖြစ်ခဲ့

ABC

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းရှိရာဒေသက ​ဇီးတောရွာမှာ ​လက်ပံတောင်းတောင် ​အရေး ​လှုပ်ရှားသူတွေကို ​အာဏာပိုင်တွေက ​ဝင်ရောက်ရှာဖွေမှုလုပ်ရင်း ​သေနတ်ပစ်ဖောက်မှု ​ဖြစ်ခဲ့ရာက ​လူတချို့ ​ဒဏ်ရာရပြီး ​ရွာသားနှစ်ယောက် ​ဖမ်းဆီးခံရတယ်လို့ ​သိရပါတယ်။

ဒီကနေ့ ​သြဂုတ်လ ​၆ ​ရက် ​မနက် ​တစ်နာရီ ​လေးဆယ့်ငါး ​မိနစ်လောက်မှာ ​လုံထိန်းအင်အား ​ရာနဲ့ချီက ​ဇီးတောရွာ ​ဘုန်းကြီးကျောင်းကို ​ဝင်ရောက်လာပြီး ​လက်ပံတောင်ကြေးနီစီမံကိန်း ​ဆန့်ကျင်မှုမှာ ​ပါဝင်တဲ့ ​ကျောင်းသားတွေကို ​ရှာဖွေခဲ့ပြီး ​ဘုန်းကြီးကျောင်းသားကိုလည်း ​ရိုက်နှက်တာတွေ ​လုပ်ခဲ့တဲ့အပြင် ​ရွာသား ​လေးယောက်ကိုလည်း ​ဖမ်းဆီးခဲ့တယ်လို့ ​သိရပါတယ်။

ဖမ်းဆီးခံရသူ ​ရွာသား ​လေးယောက်ထဲက ​နှစ်ယောက်ကတော့ ​လက်ထိပ်တန်းလန်းနဲ့ ​ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ​သိရပါတယ်။ ​လက်ပံတောင်းတောင် ​အရေးလှုပ်ရှားသူတွေနဲ့ ​ဘုန်းကြီးတွေကတော့ ​ရွာသားတွေရဲ့ ​အသိပေးမှုကြောင့် ​အချိန်မှီ ​တိမ်းရှောင်နိုင်ခဲ့တယ်လို့ ​သိရပါတယ်။

No comments: