နော်ဆွိ
ထိုင်းမြန်မာ နယ်စပ်ရှိ မြဝတီမြို့တွင် ယခုနှစ် ရေကြီး မှုဒဏ် ခံရစဉ် ထိုင်းစစ်တပ်မှ အချိန်မှီ လာရောက် ကူညီ ပေးနိုင် ခဲ့၍ သေပျောက် မှုနှုန်း နည်းရ သည်ဟု အမည်မဖော် လိုသည့် မြဝတီ မြို့နေ ဒေသခံ တစ်ဦးမှ ပြောသည်။
“အကူအညီ အထောက် အပံ့က ထိုင်းစစ်တပ် ကနေ ပြီးတော့ ကျနော် တို့ကို ကူညီ ပေးတယ်။ ပစ္စည်းတွေ လာလှူ တာတော့ ရှိတယ်။ ဒီက ပြည်သူ တွေကလည်း ထမင်း ချက်ပို့တာတော့ ရှိတယ်။ စားဝတ် နေရေးနဲ့ ဆေးဝါး ကုသမှု တွေကတော့ လူမှု ကယ်ဆယ်ရေး အဖွဲ့ နာရေး ကူညီမှု အဖွဲ့နဲ့ မြဝတီ နာရေး အသင်း ပူးပေါင်းပြီး မြဝတီမြို့ ပေါ်မှာ ၄ နေရာ ခွဲပြီးတော့ လုပ်ဆောင် နေပါတယ်” ဟု အမည် မဖော်လို သည့် မြဝတီမြို့နေ ရေဘေး ကူညီရေး လုပ်ငန်းများ လုပ်ဆောင် နေသူ တစ်ဦးမှ ပြောသည်။
ထိုင်းစစ်တပ်မှ စစ်သုံး ဖော့လှေ များဖြင့် ရေကြီးမှု နေရာ များ၌ ပိတ်မိ နေသည့် ရေဘေး ဒုက္ခသည် များအား ပြန်လည် စုစည်း ပေးခဲ့ကာ လိုချင်သည့် နေရာ များသို့ ပို့ဆောင် ပေးခဲ့ သည်ဟု ဆိုပါသည်။
ထိုင်းစစ်တပ်နှင့် ထိုင်းအာဏာပိုင် များမှ ဇူလိုင်လ (၃၁) ရက်နေ့မှ စပြီး အကူ အညီများ စတင် ရောက်ရှိ လာပြီး ၄င်း နောက်မှသာ မြန်မာ အာဏာပိုင် များမှ ကူညီမှု လုပ်ငန်းများ စတင် လုပ်ဆောင် ခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့၌ ထိုင်းစစ်တပ်မှ အကူအညီ ပေးရာတွင် စစ်ဝတ် စုံများ မဝတ်ဆင် လာရေး၊ ရေဘေး ဒုက္ခသည် များအတွက် အကူအညီ များကို မြဝတီ ခရိုင် ရုံးအား တိုက်ရိုက် ပေးအပ်ကာ မြန်မာ အာဏာပိုင် များမှ တဆင့် ခွဲဝေ ပေးမည်ဟု စသည့် အချက် များအား ရေကြီးမှု အခြေ အနေအား လာရောက် ကြည့်ရှူ့သည့် မြဝတီ ခရိုင် အုပ်ချုပ် ရေးမှူး ဦးတင့်ဝေသုန်က ပြောကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ ရေကြီးမှု၏ နောက်ဆက်တွဲ အခြေအနေ များကြောင့် (၃) ဦး သေဆုံး ခဲ့ရ သည်ဟု အတည်ပြု နိုင်ကြောင်း မြို့ခံ စေတနာရှင် နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။
သေဆုံးသူ (၂) ဦးမှာ စိန်နဂါး တည်းခို ခန်းမှ ဖြစ်ကာ ရေကြီး ပြီးနောက် တည်းခိုခန်းရှိ ကားပါကင် ခေါင်မိုးတွင်တင်ကျန် နေသော အမှိုက် များအား တက်ရောက် ရှင်းလင်းစဉ် အမိုး ပြိုကျပြီး အနက် (၆) ပေခန့်ရှိ ရေထဲ ပြုတ်ကျကာ သေဆုံး သွားခြင်း ဖြစ်သည်ဟု ရဲဇာနည် ဖေ့ဘွခ် စာမျက်နှာ၌ ယနေ့ သြဂုတ်လ (၂) ရက်နေ့တွင် ဖော်ပြ ထားပါသည်။
ရဲဇာနည် ဖော်ပြချက် အရ ၃၁-၇-၂၀၁၃ ရက်နေ့ ၁၆း၀၀ ချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊“စိန်နဂါး”တည်းခိုခန်း မန်နေဂျာ စောထွန်းအေး (၄၄) နှစ် နှင့်ဝင်းသန်း (၃၈) နှစ် တို့နှစ်ဦး ဖြစ်သည်။
အခြား သေဆုံး ခဲ့သူ တစ်ဦးမှာ မြဝတီမြို့ အမှတ် (၃) ဈေးနားတွင် သေဆုံး ခဲ့ခြင်း ဖြစ်၍ အလောင်း သုံးလောင်း စလုံးအား မိမိတို့ သဂြိုလ် ပေးခဲ့ သည်ဟု ဦးလှထွန်းမှ ပြောသည်။
“ရေပြန် ကျတဲ့ အချိန်မှာ လူ (၃)ယောက် သေတယ်။ သေတဲ့ သူက ယောကျာင်္လေး တွေပဲ ဖြစ်တယ်။ သေတဲ့ အချိန်က (၂၉) ရက်နေ့က သေတယ် ။ အလောင်းကို (၃၀) ရက်နေ့မှ တွေ့တယ်။ နာရေး အသင်း ကနေ သဂြိုလ် လိုက်ပါတယ်။ သေတဲ့ သူရဲ့ အလောင်း ၂ လောင်း ကတော့ စိန်နဂါး တည်းခိုခန်းမှာ တွေ့တယ်။ နောက်တစ်ယောက်က အမှတ် (၃) ဈေးဆိုင် နားမှာ နှစ်နေပြီး သေတယ်” ဟု နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးလှထွန်းက ရွှေဟင်္သာ သတင်းဌာနသို့ အတည်ပြု ပြောကြား ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့မှ စတင်ခဲ့သည့် ရေကြီးမှုကြောင့် မြဝတီ တစ်ခုတည်း ၌ပင် ယာယီ ကယ်ဆယ်ရေး စခန်း အနည်းဆုံး (၁၆) ခု အထိ ဖွင့်ထား ရကာ ရေဘေး ဒုက္ခ သည်ပေါင်း (၁၀၀၀၀) ခန့် အထိ ရှိခဲ့ သည်ဟု ကယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေသူ များထံမှ သိရသည်။
လက်ရှိ၌ ရေပြန်ကျ သွားပြီ ဖြစ်သော်လည်း ဒုက္ခသည် အများစုမှာ နေရပ် မပြန်နိုင် သေးပဲ ၃၀၀ မှ ၅၀၀ ဦး အကြားသာ မိမိတို့ နေအိမ် များထံ ပြန်နိုင် ကြပြီး အများ စုမှာ ယာယီ ဒုက္ခသည် စခန်း များ၌ သောင်တင် နေကြဆဲ ဖြစ်သည်ဟု နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးလှထွန်းမှ ဆက်ပြောသည်။
“ဒီနေ့ အခြေအနေက ရေပြန် ကျပြီး။ ဒါပေမယ့်တစ်ချို့ လူတွေက ပြောင်းရွှေ့လို့ မရ သေးဘူး။ ရေဘေး ဒုက္ခသည် တွေရဲ့ အခြေ အနေက တစ်ချို့ အိမ်တွေက ရေတိုက် စားပြီး ပြိုသွားတယ်။ တစ်ချို့ ဟာတွေ ကလည်း ရေကမန်းကတန်း တက်လာတာ ဆိုတော့ ဘာမှ မကျန်တဲ့ ဟာလည်း ရှိတယ်။ တစ်ချို့ တွေဆိုရင် အဝတ်တစ်ထည် တည်းပဲ ကျန်တော့တယ်” ဟု ဦးလှထွန်းက ပြောသည်။
မြဝတီ မြို့ယခုနှစ် ရေကြီး မှုသည် ပြီးခဲ့သည့် နှစ်ထက် (၈) ပေခန့် ပိုမို မြင့်တက် လာသည်ဟု မြဝတီမြို့ ဈေးရှေ့၌ နေထိုင် နေသည့် ဒေသခံ တစ်ဦးမှ ပြောကာ သေဆုံး ပျောက်ဆုံး စာရင်းမှာ (၃) ဦးထက် ပိုနိုင်မည် ဖြစ်သည်ဟု ၄င်းတို့က တွက်ဆ ထားကြောင်း ဆိုပါသည်။ သို့သော်လည်း နာရေး ကူညီမှု အသင်းကမူ ထိုထက် ပိုနိုင်ဖွယ် မရှိနိုင်ဟု သုံးသပ် ထားပါသည်။
ယခုနှစ် ကြံရသည့် ရေကြီးမှု ဒဏ်သည် နှစ်ပေါင်း ၂၀ ကာလ၌ ကြုံတွေ့ ရသည့် အကြီးမားဆုံး ရေကြီးမှု ဖြစ်ကြောင်း ဒေသခံ များက ဆိုနေကြ ပါသည်။
ကရင် ပြည်နယ် တစ်ပြည် နယ်လုံး အတိုင်းအတာ အဖြစ် ဇူလိုင် ၃၁ ရက် အထိ ရေမြုပ်သည့် ကျောင်းပေါင်း ၆၀ ရှိပြီး လယ်မြေများ ရေမြုပ်သည့် ဧက၂၀၉၅၆ ဧက ရှိသည်ဟု မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ ကရင် ပြည်နယ် တွင်းရှိ ရေဘေး ဒုက္ခသည် များအား နိုင်ငံတော် ဒုတိယသ မ္မတ ဦးဥာဏ်ထွန်း ကိုယ်တိုင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် သွားရောက် ကြည့်ရှု ခဲ့သည်။
No comments:
Post a Comment