ABC
မြန်မာအစိုးရကနေ ကချင်ပြည်နယ် အတွင်းက ဒုက္ခသည်တွေကို မူလနေထိုင်ရာ နေရပ်ကနေ စွန့်ခွာပြောင်းရွေ့ ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကချင်ဒုက္ခသည် အရေး ကူညီနေသူတွေက ပြောပါတယ်။
အစိုးရ ထိန်းချုပ်တဲ့ ကချင်ဒုက္ခသည် စခန်းမှာ နေထိုင်သူတွေအနေနဲ့ တိုက်ပွဲမဖြစ်ခင် နေထိုင်ခဲ့တဲ့ မှုလ နေရပ်တွေကို စွန့်ခွာ ရမယ်လို့ပြောပြီး တောင်ခြေက တန်ဖိုးနည်း အိမ်ရာကို ပြောင်းရွှေ့ခိုင်းတာလို့ ကချင်အရေး ကူညီ ဆောင်ရွက်သူ မခွန်ဂျာက ပြောပါတယ်။
“ဒုက္ခသည် တွေဆီကခံဝန်ချက် ကိုကောက်တယ် ။ ရာသက်ပန် ဒေသကို ပြန်မလာတော့ပါဘူး ဆိုပြီး လက်မှတ်ရေးထိုး ခိုင်းတယ်။ တစ်ချို့ကတော့ ကြောက်လို့ ဘာမှန်းမသိလို့ ထိုးလိုက်တာ အယောက် ၂၀ လောက် ရှိတယ်။ တခြားလူတွေကတော့ မထိုးဘူး။ ဒါပေမဲ့ အဲဒီထိုးလိုက်တဲ့ သူတွေက နောက်နေ့မှာလိုက်ပြီး withdraw လုပ်တယ်။”
ဒုက္ခသည် အများစုကတော့ အခုပြောင်းရမဲ့နေရာဟာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်လို့ မရတဲ့ နေရာဖြစ်နေတာကြောင့် မပြောင်းရွှေ့လိုကြဘူးလို့ မြစ်းကြီးနား ဂရုဏာ အသင်းက ခရစ်ယာန် ဘုန်းတော်ကြီး နိုဗယ်က မိန့်ပါတယ်။
မေလ ၃၀ ရက်နေ့တုန်းကအစိုးရ တာဝန်ရှိသူတွေနဲ့ ကချင်လွှတ်မြောက်ရေးတပ်မတော်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်အတိုင်း စစ်ဘေးဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို နိုင်ငံရေး မဆွေးနွေးမှု ရလာဒ် တစ်စုံတစ်ရာ မထွက်ခင် အခုလိုနေရပ်စွန့်ခွာခိုင်းတာဟာ မသင့်တော်ဘူးလို့ ကချင်လူမှု အသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။
မူလနေရပ်ဒေသကို အပြီးစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၅ မှာ ဖော်ပြထားတဲ့ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်အတွင်း မည်သည့် အရပ်ဒေသ တွင်မဆို ဥပဒေနှင့်အညီ အခြေ ချ နေထိုင်ခွင့် ရှိတယ်လို့ ဖော်ပြချက်နဲ့ ဆန့်ကျင်နေတယ်လို့လည်း သုံးသပ် ပြောဆိုမှုတွေ ၇ှိနေပါတယ်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားပြီး ၁ နှစ်ခွဲ ကာလအတွင်းမှာတော့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည် စခန်း ၅၀ ကျော်မှာ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ရှိတယ်လို့လည်း ကချင်အရေးကူညီ သူတွေက ပြောတဲ့ အကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် မဝေစန္ဒာကျော်က သတင်းပို့ ထားပါတယ်။

No comments:
Post a Comment