Thursday, August 8, 2013

စိတ်မူမမှန်၍ မိမိကိုယ်ကို ဓါးဖြင့်ထိုးသတ်

ဆန်းဖြိုးထွန်း

ကယား(ကရင်နီ) ပြည်နယ်၊ ဒီမော့ဆိုမြို့ စည်ပင်သာယာရပ်ကွက်နေ မောင်သောဂေထူးသည် မှုးယစ်သေစာ အလွန်အကျွံ သောက်စား၍ စိတ်မူမမှန်၍ မိမိကိုယ်ကို ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ သေဆုံးသူ မောင်သေားဂေထူး (၂၉)နှစ် လူပျို သည် ဇူလိုင်လ(၃၀) ရက်နေ့ ညနေခင်း အချိန်တွင် မိမိကိုယ်ကို ကြက်သွန်လှီးဓါဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့သဖြင့် သေးဆုံးခဲ့သည်။

သေဆုံးသူ မောင်သောဂေထူးသည် မိသားစုများ တားနေသည့်ကြားမှ မိမိကိုယ်ကို ဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသူမှာ စည်ပင်သာယာရပ်ကွက် အိမ်အမှတ်(၁၈၅)နေ အဘဦးကာအိုး အမိ ဒေါ်ဘူးဖော တို့၏သား ကြီးဖြစ်ပြီး မောင်သောဂေထူးသည် မူးယစ်သေစာသောက်စားပြီး မကြာခဏဆိုသလို စိတ် ဖောက်ပြန်နေသည့်သူ ဖြစ်သည်ဟု သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ဒီးမော့ဆိုရဲစခန်းမှ ဒုရဲမှူး ဦးမြအောင် ဦးဆောင်၍ ရဲတပ်ဖွဲ့များ သက်သေးခံများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သေမှုသေခင်း မှတ်ပုံတင်(၂၈) ဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိသည်။

No comments: