ABC
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပတ္တမြားနဲ့ ကျောက်စိမ်းတင်သွင်းခွင့်ကို ဆက်လက်ပိတ်ဆို့ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မြန်မာကျောက်မျက်လုပ်ငန်းတွေမှာ စစ်တပ်ပါဝင်မှုတွေ ရှိနေတဲ့အတွက် တင်သွင်းခွင့်ပိတ်ပင်မှုကို ဆက်လက်ထားရှိဖို့ စီစဉ်နေတာလို့ အမည်မဖော်လိုတဲ့ အရာရှိ သုံးဦးက အေပီသတင်းကို ပြောပါတယ်။
ကျောက်မျက် ရတနာတွေကိုလည်း မြန်မာစစ်တပ်နဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းသားနယ်မြေတွေကနေ ရရှိတာဖြစ်ပြီး အထူးသဖြင့် ကချင်ပြည်နယ်က ထွက်ရှိတာလို့ ပြောပါတယ်။
မြန်မာကျောက်မျက်တင်သွင်းမှု ပိတ်ဆို့ထားတဲ့ ဥပဒေသက်တမ်းက ဂျူလိုင်လ ၂၇ ရက်နေ့က ကုန်ဆုံးသွားတာဖြစ်ပြီး ဆက်လက်ထားရှိမယ် မရှိဘူးဆိုတာကို လာမယ့် အပတ်မှာ ကြေညာနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး ပြောင်းလဲမှုလမ်းစတွေကြောင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံက အထွေထွေကုန်ပစ္စည်း တင်သွင်းခွင့် ပေးခဲ့ပေမယ့် ကျောက်မျက်တင်သွင်းခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ မြန်မာ-အမေရိကန် ကုန်သွယ်ရေးကောင်စီအဖွဲ့ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် အထွေထွေ ကုန်သွယ်ရေး အထူးခံစားခွင့် ပြုသင့်တယ်လို့ ပြောလိုက်ပါတယ်။
မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီက မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို လာရောက်လေ့လာ လည်ပတ်ခဲ့ပြီး အဲဒီလည်ပတ်မှု အတွေ့အကြုံအရ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အခွန်လွတ်အကောက်ခွန်ဦးစားပေးအစီအစဉ်ရဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့အတွက် အဲဒီအခွင့်အရေး ရသင့်ရထိုက်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားရေး ဆိုင်ရာမှာ ပြုပြင်ပြောင်းလည်းမှုတွေ လုပ်နေသလို မြန်မာဖက်က အမေရိကန်နိုင်ငံကို ခြိမ်းခြောက်မှု ပေးလောက်တဲ့ အားပြိုင်မှု မရှိတာတွေအပြင် မြန်မာကို အခွင့်ထူးခံစားခွင်းပေးမယ်ဆိုရင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို ပိုမို အားပေးရာရောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

No comments:
Post a Comment