ABC
မြန်မာနိုင်ငံစစ်တပ်ကနေ ကလေးစစ်သားနဲ့ လူငယ်စစ်သား ၆၈ ယောက်ကို မိဘတွေဆီ ပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။
ကလေးစစ်သားအားလုံး ပြန်လွတ်ပေးဖို့ ကုလသမဂ္ဂနဲ့ မြန်မာစစ်တပ်တို့အကြား ၂၀၁၂ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ကလေးစစ်သားတွေကို တသုတ်ပြီး တသုတ် လွတ်ပေးနေတာဖြစ်ပြီး ဒီတစ်ကြိမ် လူဦးရေ အများဆုံး လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။
တစ်နှစ်ကျော်အတွင်း ကလေးစစ်သား ၁၇၆ ယောက်ကို မိဘတွေလက်ထဲ ပြန်လည် အပ်နှင်းလိုက်တာ ဖြစ်ပါတယ်။
ကလေးစစ်သားတွေ ထပ်မံလွတ်ပေးလိုက်တာကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး တချိန်တည်းမှာပဲ ကျန်ရှိသူ အားလုံးကို တစုတစည်းတဲ လွတ်ပေးဖို့ အချိန်ရောက်ပြီလို့လည်း ပြောလိုက်ပါတယ်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ထဲမှာ ရှိတဲ့ ကလေးစစ်သားတွေကိုလည်း လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ခုပြန်လွတ်လာသူတွေထဲမှာ တချို့က ကလေးစစ်သားတွေဖြစ်ပြီး တချို့ကတော့ ကလေးဘဝတုန်းက စစ်သားအဖြစ် သွပ်သွင်းခံရပြီး ခုအခါမှာ အသက်ပြည့်ပြီဖြစ်တဲ့ လူငယ်တွေ ပါဝင်ကြောင်း သိရပါတယ်။

No comments:
Post a Comment