ABC
စကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့နဲ့ ဒေသခံပြည်သူတွေ တောင်း ဆိုတဲ့အခွင့်အရေးတွေရရှိဖို့အတွက် ချီတက်ဆန္ဒပြကြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
သြဂုတ်လ ၁၃ရက် နေ့လည်ပိုင်းက မုံရွာမြို့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်တဲ့ ရဲများကို အရေးယူပေးရေး၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း စီမံကိန်းဖော်ဆောင်ရေး ကော်မတီကနေ နှုတ်ထွက်ပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြတဲ့ သူတွေထဲက ဒေါ်နော်အုန်းလှနဲ့အတူ ဒေသခံရွာသား ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ရွာသား ကိုးဦးကိုတော့ ညနေပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြဖို့အတွက် စပြီးလမ်းလျောက်တဲ့အချိန်မှာပဲ လုံထိန်းရဲ အင်အား ၂၀၀လောက်က လမ်းတွေကို ပိတ်ဆို့လိုက်ပြီး အတင်းအဓမ္မ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ လက်ပန်းတောင်းဒေသခံတွေကို အကူအညီပေးနေတဲ့ ကိုဟန်ဝင်းအောင်က အခုလိုပြောပါတယ်။
“နေ့လည် ၃နာရီလောက်ကျတော့ လုံထိန်းရဲမေအင်အား အများအပြားရောက်လာပြီးတော့ ကားလမ်းမ ကြီးတလျောက် အရှေ့ရော၊ အနောက်ရောစပြီးပိတ်ပြီးတော့ ဒေါ်နော်အုန်းလှရယ်၊ လက် ပန်းတောင်းဒေသခံ ဆည်တဲကျေးရွာက ကျေးရွာသူ ၇ယောက်ခန့်ရယ်၊ တုံကျေးရွာအုပ်စု အလယ်တောရွာက အမျိုးသမီးတယောက်ရယ်၊ မိုးကြိုးပြင်ရွာကတယောက်ရယ် စုစုပေါင်း ၁၀ယောက်ကို သူတို့အတင်းအဓမ္မ ၀င်ရောက်ဆွဲရမ်းပြီး အကုန်ဖမ်းဆီးသွားပြီးမှ မုံရွာမြို့ အမှတ် (၁)ရဲစခန်းမှာ ထိန်းသိမ်း လိုက်တယ်။”
ဒေသခံရွာသားတွေအနေနဲ့ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး တောင်း ဆိုဆန္ဒပြဖို့အတွက် တရားဝင်ဆန္ဒပြခွင့်ကိုတင်ပြတောင်းခံခဲ့ပေမဲ့ ပယ်ချခံခဲ့ရတာ ၉ကြိမ်ရှိပြီလို့ ပြောပါတယ်။
မုံရွာမြို့မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေတွေကြောင့် ရွာအ၀င်ထွက်တွေမှာ လုံခြုံရေးတွေပိုမိုချထားတဲ့ အကြောင်းနဲ့ လက်ပန်းတောင်းဒေသခံရွာသူရွာသားတွေက ထပ်မံဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတဲ့ အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments:
Post a Comment