Tuesday, August 20, 2013

ကင်တားနား ရှမ်းပြည်ရောက် ပလောင်ဒေသနဲ့ လားရှိုးကို လေ့လာခဲ့

ABC

မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံဆိုင်ရာ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ် ​ဟိုဟေး ​ကင်တာနား ​ဦးဆောင်တဲ့ ​အဖွဲ့ဝင် ​၄ ​ယောက်ဟာ ​ရှမ်းပြည်မြောက်ပိုင်းကို ​ရောက်ရှိနေပြီး ​ပလောင်ဒေသက ​လူ့အခွင့်အရေး ​ချိုးဖောက်မှု ​အခြေအနေတွေနဲ့ ​ပတ်သက်ပြီး ​ပလောင်လူထုအခြေပြုအဖွဲ့အစည်းက ​တာဝန် ​ရှိသူတွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ​လားရှိုးမြို့မှာရှိတဲ့ ​Golden ​Hill ​ဟော်တယ်မှာ ​တနင်္ဂနွေနေ့ ​ညက ​တအောင်းပလောင် ​လူမှုအခြေပြု ​အဖွဲ့တွေနဲ့ ​တွေ့ဆုံခဲ့တာလို့ ​တအာင်းကျောင်းသားနှင့် ​လူငယ်များအဖွဲ့ ​TSYU ​အဖွဲ့က ​တွဲဖက်အထွေထွေ ​အတွင်းရေးမှူး ​၁ ​မိုင်းမျိုးအောင်က ​ပြောပါတယ်။

ကျနော်တို့နဲ့ပဲ ​သီးသန့်တွေ့တာပေါ့ ​အဓိက ​ကတော့ ​ရှမ်းပြည်မြောက်ပိုင်း ​တအာင်းဒေသမှာ ​ဖြစ်နေတဲ့ ​စစ်ပွဲအခြေအနေတွေပေါ့နော် ​တိုက်ပွဲအခြေအနေတွေ ​စစ်ပွဲအခြေအနေတွေ ​ပြောပြတယ် ​ပြီးရင် ​အခုလက်ရှိ ​ငြိမ်းချမ်းရေး ​တည်ဆောက်မှု ​အခြေအနေပေါ့နော် ​ဒီတိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့နဲ့ ​အစိုးရကြားမှာ ​ငြိမ်းချမ်းရေးတည်ဆောက်မှု ​အခြေအနေတွေပြောပြတယ်။ ​ပြီးတော့ ​ကျနော်တို့က ​ဒီတိုင်းရင်းသား ​နဲ့ ​မြန်မာစစ်အစိုးရ ​စစ်ပွဲကြောင့် ​ပေါ့နော် ​ဖြစ်ပေါ်လာတဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​တင်ပြတယ်။ ​အဲ့ဒီအပြင် ​ကျနော်တို့ ​ဒုက္ခသည်ကိစ္စတွေရော၊ ​သီးနှံဖွံ့ဖြိုးမှု ​စီမံကိန်းကြောင့် ​တအာင်းဒေသမှာ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​ဆိုးကျိုးတွေပေါ့နော် ​အဲ့ဒါ ​ဘာတွေရှိလဲဆိုတာမျိုး ​ပြောပြတယ် ​ဂတ်စ်ပိုက်လိုင်း ​အပါအ၀င်ပေါ့။ 

ပလောင်လူမှုအခြေပြု ​အဖွဲ့အစည်းကနေ ​တင်ပြလိုက်တဲ့ ​အချက်တွေကို ​လာမည့် ​အောက်တိုဘာလမှာ ​ကျင်းပမည့် ​ကုလသမဂ္ဂ ​အထွေထွေညီလာခံမှာ ​တင်သွင်းမည့် ​လူ့အခွင့်အရေးအစီရင်ခံစာမှာ ​ထည့်သွင်း ​တင်ပြသွားမယ့်အကြောင်း ​ကင်တားနားက ​ပြောဆိုသွားတယ်လို့လည်းမိုင်းမျိုးအောင်က ​ဆက်ပြောပါတယ်။

ပလောင်လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ ​မတွေ့ဆုံမှီ ​လားရှိုးမြို့ပေါ်မှာ ​ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေး ​အဓိကရုန်းကိစ္စ ​အခြေအနေတွေကို ​လေ့လာခဲ့ပြီး ​ဘာသာရေးခေါင်းဆောင်တချို့နဲ့ ​လည်း ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

လူ့အခွင့်အရေး ​အထူး ​ကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ် ​အိုဟေး ​ကင်တာနား ​ဦးဆောင်တဲ့ ​အဖွဲ့ဟာ ​မနေ့တုန်းကတော့ ​ရှမ်းပြည်မြောက်ပိုင်း ​သီပေါမြို့နဲ့ ​ပလောင်ကိုယ်ပိုင် ​အုပ်ချူပ်ခွင့်ရဒေသ ​နမ့်ဆန်မြို့တွေကို ​သွားရောက်ပြီး ​လူ့အခွင့်အရေး ​အခြေအနေတွေကို ​လေ့လာသွားခဲ့တဲ့ ​အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: