Tuesday, August 6, 2013

မြန်မာနေရှင်နယ်လိဂ်ပွဲမှာ ပရိသတ်ကြား ပဋိပက္ခဖြစ် ဆီးဂိမ်းကွင်းပျက်စီးမှုရှိ

ABC

မြန်မာနိုင်ငံမှာ ​ဒီနှစ် ​ကျင်းပပြုလုပ်မှာ ​ဖြစ်တဲ့ ​အရှေ့တောင် ​အာရှအားကစားပွဲတော် ​SEA ​games ​အတွက် ​ဆောက်လုပ်ထားတဲ့ ​နေပြည်တော်က ​၀ဏ္ဏသိဒိ္ဓကွင်းမှာ ​ဘောလုံးပရိသတ်တွေ ​သောင်းကျန်းဖျက်စီး ​မှုတွေ ​လုပ်ခဲ့တယ်လို့ ​သိရပါတယ်။

ပွဲကြည့် ​အားပေးတဲ့ ​ပရိသတ်တွေက ​ကွင်းထဲကို ​ အရက်ပုလင်းတွေ၊ ​ရေသန့်ဗူးတွေနဲ့ ​ပစ်ပေါက်ခဲ့ကြပြီး ​ထိုင်ခုံ ​တွေကိုလဲ ​ချိုးဖျက်ပြီး ​ကွင်းအတွင်းကို ​ပစ်ပေါက်ခဲ့ကြတယ်လို့ ​သိရပါတယ်။

မြန်မာနေရှင်နယ် ​လိဂ်ပွဲစဉ်မှာ ​ရန်ကုန် ​ယူနိုက်တက် ​အသင်းနဲ့ ​နေပြည်တော် ​အသင်း ​ချန်ပီယံဆု ​ဗိုလ်လုပွဲစဉ်မှာ ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

ပရိသတ်ပေါင်း ​၂ ​သောင်းလောက် ​တက်ရောက်အားပေးခဲ့တဲ့ ​ ပွဲစဉ် ​အတွင်း ​ကွင်းအတွင်းကို ​ပရိသတ်တချို့ ​ကျူးကျော် ​၀င်ရောက်လာခဲ့တဲ့ ​အတွက်ကြောင့် ​ပြိုင်ပွဲကို ​ဖျက်သိမ်းလိုက်ရ ​တယ်လို့ ​သိရပါတယ်။

နိုင်ငံတကာ ​အဆင့် ​အရှေ့တောင်အားကစား ​SEA ​games ​ဟာ ​မြန်မာ ​နိုင်ငံမှာ ​နှစ်ပေါင်း ​၅၀ ​နီးပါးအတွင်း ​ပထမဦးဆုံး ​ပြန်လည်ကျင်းပ ​ခြင်းဖြစ်ပါတယ်။

ရန်ကုန်အသင်းက ​တဂိုးဂိုးမရှိနဲ့ ​အသာရ ​နေချိန်မှာ ​ဆူပူသောင်းကျန်းမှု ​တွေ ​ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ပရိသတ်ထိုင်ခုံပေါင်း ​၁၅၀လောက်ဖျက်စီးခံရ ​ပြီး၊ ​ထိခိုက်ဒါဏ်ရာ ​ရမှု ​အကြီးအကျယ် ​မရှိခဲ့ဘူးလို့လဲ ​သိရပါတယ်။

ဝဏ္ဏသိဒိ္ဓကွင်းဟာ ​အရှေ့တောင်အာရှအားကစားပွဲတော် ​SEA ​games ​ဖွင့်ပွဲနဲ့ ​ပိတ်ပွဲ ​အခမ်းအနားတွေ ​ပြုလုပ်ဖို့ ​စီစဉ်ထားတဲ့ ​နေရာလဲ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အထွေထွေ ​အားကစားရုံ ​ကြီး ​ထဲမှာ ​ရေကူး၊ ​လေးပစ်၊ ​လက်ဝှေ့ ​အစ ​ရှိတဲ့ ​ပြိုင်ပွဲတွေကို ​ကျင်းပ ​နိုင်ဖို့ ​စီစဉ်ဆောက်လုပ်ထားတာ ​ဖြစ်ပါတယ်။

No comments: